၅၇

650 74 1
                                    

Unicode

ကျန်းမြောင်မြောင်က သူ၏ ခေါင်းကို ထိကြည့်လိုက်သည်။ သူသည် မနေ့ညက ရေချိုးရင်း ဆံပင်များကို ညှပ်ခဲ့ခြင်း ဖြစ်နိုင်ကာ ယခုတွင် ဆံပင်များက ခပ်တိုတို ဖြစ်နေပေသည်။

"ငါ ဘာမှ မလုပ်ဘူး။ နင့်ကို မွေးထားမယ်။"

"မွေးထားမယ်?.. မင်းကို ငါ ကိုက်ပစ်မှာကို မကြောက်ဘူးလား။"

"ငါ နင့်သွေးကို နေ့တိုင်း သုတ်ထားမယ်လေ။ အဲဒါဆို နင် ငါ့ကို သတိပြုမိမှာတောင် မဟုတ်ဘူး။" ကျန်းမြောင်မြောင်က ပြောလိုက်သည်။ "အချိန်ကျလာရင် ငါ ဇွန်ဘီလေးကို လွှတ်ပေးလိုက်မယ်။ ပြီးရင် နင့်တစ်ယောက်တည်း မွေးထားလိုက်မယ်။ နင်က အရမ်းကြီးတယ်။ အဲဒါကြောင့် နင့်ဆီက သွေးကို အချိန်အကြာကြီး ထုတ်ယူလို့ရမှာ ကျိန်းသေတယ်။"

သူက ခါးသက်စွာ ရယ်မောလိုက်သည်။ "ကြည့်ရတာ မင်း ငါ့ကို သက်သက်ညှာညှာ ဆက်ဆံပြီး အနည်းဆုံးတော့ ငါ့ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ချန်ပေးထားခဲ့ဖို့ တောင်းဆိုရတော့မှာပဲ။"

သူမက နှစ်ကြိမ်ခန့် ချောင်းဟန့်ပြီးနောက် ပြောလိုက်သည်။ "အဲဒါကြောင့်.. နင် ဇွန်ဘီ မဖြစ်လာနဲ့လေ။ ဟုတ်ပြီလား။"

လုချီမင်က ခေါင်းညိတ်လိုက်သည်။ သူမက သူ စကားပြောရပ်သွားပြီးနောက် မျက်လုံးများကို မှိတ်ရင်း အိပ်ပျော်သွားသည်လား မေ့မျောသွားသည်လား မခန့်မှန်းနိုင်ခဲ့ပေ။

ကျန်းမြောင်မြောင်က သူမ TV ၌ မြင်ဖူးသည့်အတိုင်း ပုဝါကို ရေစိမ်ကာ ညှစ်လိုက်ပြီး သူ့နဖူးပေါ်၌ တင်ပေးထားလိုက်သည်။ သူမက သူ့မျက်ဝန်းထောင့်များဆီမှ စိုစွတ်နေသည်ကို သုတ်ပေးလိုက်ပြီး (နေမကောင်းရင်ကျတဲ့မျက်ရည်ပူကိုပြောတာပါ။) အောက်ထပ်သို့ ဆင်းကာ လျှပ်စစ်မီးဖိုကို ဖွင့်လိုက်သည်။ 

သူမက အဖျားကြီးနေသည့် လူနာများအတွက် အာဟာရဖြစ်စေနိုင်သည့် ဆန်ပြုတ်အချို့ ချက်ချင်ခဲ့သည်။

အာဟာရဆန်ပြုတ်က အလွန် ရိုးရှင်းနေပြီး တစ်စုံတစ်ရာ ပေါင်းထည့်ရန် လိုအပ်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now