၅၅

559 79 2
                                    

Unicode

သူမက ယနေ့ မွေ့ယာအား သယ်လာရန် သူ၏ ခက်ခက်ခဲခဲ ကြိုးစားကာ လက်၌ပင် ဒဏ်ရာရသွားသော်လည်း ယခု သူက မြေပြင်ပေါ်၌ အိပ်နေသည်ကို တွေးမိလိုက်သည့်အခါ အလွန် ဝမ်းနည်းသလို ခံစားလိုက်ရသည်။

ဒါနဲ့ သူ လက်မှာ ဆေးရော ထည့်ပြီးရဲ့လား။

ကျန်းမြောင်မြောင်က သူ့ကို မနိုးလာစေချင်သောကြောင့် ညင်သာစွာ တွားသွား၍ သူ၏ ဘယ်ဘက်လက်ကို ကိုင်ကာ အနံ့ခံကြည့်လိုက်သည်။

အားကောင်းလှသည့် ယွင်နန်လိမ်းဆေးရနံကို ရလိုက်ပေသည်။

ဆေးလိမ်းထားလို့ တော်သေးတာပေါ့။ သူမက စိတ်လက်ပေါ့ပါးစွာနှင့် မွေ့ယာပေါ်သို့ ​ပြန်လာခဲ့ပြီး စောင်အောက်ကို ဝင်လိုက်သည်။ စောင်က ပိုးသားလို နူးညံ့ပေါ့ပါးကာ နွေးထွေးပေသည်။

မွေ့ယာက သက်သောင့်သက်သာရှိလှပြီး လေထုက လတ်ဆတ်နေကာ ပိုးသားညအိပ်ဝတ်စုံက ဝတ်ထားသည်ကိုပင် မခံစားမိနိုင်လောက်အောင် အလွန် နူးညံ့ပျော့ပျောင်းလှသည်။

သူမ၏ ဆံပင်များက သန့်ရှင်းနေပြီး အသက်ရှူသည့် လေထုက လတ်ဆတ်နေကာ အစာအိမ်က ပြည့်အင့်နေခဲ့သည်။

အရာအားလုံးက သာယာလှပလှပေသည်။

ကျန်းမြောင်မြောင်က သူမ၏ မျက်လုံးများကို ပျော်ရွှင်စွာ မှိတ်လိုက်ပြီး အိပ်မက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။ အိပ်မက်ထဲ၌ ဖရဲသီးတစ်လုံးကို စားနေသည်ဟု မက်နိုင်လျှင် ပိုကောင်းပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် စိတ်ကျေနပ်ဖွယ် အလွန်ကောင်းလှမည် ဖြစ်ပေသည်။

သို့သော်လည်း အိပ်စက်ချင်သည့် စိတ်က သူမအား စွန့်ပစ်သွားပုံရသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူမက မျက်လုံးများကို ဖွင့်လိုက်ကာ အမှောင်ထုကို စိုက်ကြည့်ရင်း ခေါ်လိုက်သည်။ 

"လုချီမင်"

သူမ၏ ခေါ်သံကို စည်းချက်ညီသည့် အသက်ရှူသံက တုန့်ပြန်လာသည်။

သူမက သူမဘေးမှ လွတ်နေသည့် နေရာကို ထိလိုက်ပြီး အိစက်နေသည့် အိပ်ရာက နေရာလွတ်ရှိနေသော်လည်း မည်သူမှ မအိပ်နေသည်က နှမြောစရာကောင်းသည်ဟု တွေးလိုက်မိသည်။ သူမက မီးကို ဖွင့်လိုက်ပြီး သူ့အား မွေ့ယာပေါ်သို့ သယ်ယူရန် ကြိုးစားလိုက်ပေသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now