၅၃

617 79 7
                                    

Unicode

လုပ်စရာ လိုအပ်နေသေးသည့် အလုပ်များစွာ ရှိနေပြီး သူမက ဂိမ်းကစားနေရန်မှာ မသင့်တော်လှပေ။

ထို့ကြောင့် သူမက လုပ်စရာအလုပ်တစ်ခုခု ရှာဖွေလိုက်သည်။

ကျန်းမြောင်မြောင်က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး သူမတို့ထံ၌ ရှိနေသည့် ကုန်စည်ပစ္စည်းများကို သေချာစီစဥ်နေရာချရန် ဆုံး​ဖြတ်ခဲ့သည်။

ဧည့်ခန်းအတွင်းတွင် ပစ္စည်းများက ဘယ်ဘက်တွင်လည်း အပုံလိုက်ရှိကာ ညာဘက်တွင်လည်း အပုံလိုက်ရှိနေခဲ့သည်။ ၎င်းတို့ကို စုစည်းကာ သပ်သပ်ရပ်ရပ် ပြန်စီစဥ်ထားရန် လိုပေသည်။

သူမက စက္ကူနှင့် ဘောပင်န်ကို ယူလိုက်ကာ မတူညီသည့် ပစ္စည်းများကို စာရင်းလုပ်လိုက်ပြီး သူမ စာရင်းပြုပြီးသည့် ပစ္စည်းများကို မှတ်စုတစ်ခု လုပ်ထားလိုက်သည်။

သူမ အချိန် ဘယ်လောက်ကြာကြာ ယူလိုက်သည်မသိဘဲ လုချီမင် အောက်ဆင်းလာသည်အထိ အလုပ်လုပ်နေခဲ့သည်။

သူက ညစ်ပတ်နေသည့် အဝတ်များကို လွှင့်ပစ်လိုက်ပြီး သူ့ကိုယ်သူ ရေချိုးတဘက်နှင့် ပတ်ထားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ပိန်ပါးပြီး ဂျုံရောင်အသားအရေနှင့် ဖုံးကွယ်ထားသည့် အင်အားများ ရှိသည်။

သူသည် ကျန်းမြောင်မြောင်က အဝတ်များစွာ ပြန်ယူလာခဲ့သည်ကို သိရှိပြီး အဝတ်ထုပ်ရှိရာသို့ သွားကာ ဝတ်ဆင်ရန် အဝတ်ရှာဖွေလိုက်သည်။ သူက သူမနောက်က ဖြတ်သွားသည့်အချိန်၌ မနေနိုင်ဘဲ ရပ်တန့်လိုက်သည်။

သူမ၏ ညအိပ်ဝတ်စုံက အလွန် ကြီးနေပြီး အထည်သားက ချော်အိအိဖြစ်ကာ ကော်လာက လှုပ်ရှားမှုတိုင်းမှာ ရွေ့​နေခဲ့ပြီး သူမ၏ ဖြူဖွေးသော ပခုံးသားတို့ကို တစ်ဝက်လောက် ဖော်ပြထားသည်။

သူမ၏ ပခုံးများက လှပသော ကောက်ကြောင်းရှိပြီး ပါးလျကာ နူးညံ့သော်လည်း အရေပြားပေါ်တွင် ယခင်တစ်ခေါက် ဖန်ကွဲစများရှသည့် ဒဏ်ရာတို့က မွစာကြဲကာ ကျန်နေဆဲ ဖြစ်သည်။

လဝက်လောက်ကြာပြီးနောက် သွေးအစွန်းများ ပျောက်သွားပြီး ဒဏ်ရာက ပန်းရောင်ဖျော့ဖျော့သာ ကျန်တော့၏။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now