၄၅

1.4K 197 30
                                    

Unicode

ထို့နောက် သူသည် ကျန်းမြောင်မြောင် ဒဏ်ရာရစဥ်အချိန်က ဆေးဆိုင်မှ သွားယူလာခဲ့သော အနာကျက်ဖြန်းဆေးအချို့ကို ရှာတွေ့ခဲ့​ပြီး အနာကို ဆေးဖြန်းကာ ပတ်တီးစည်းလိုက်သည်။

ကျန်းမြောင်မြောင်က တွင်းထဲမှ နီရဲနေသည့် တစ်ရှူးစက္ကူကို ကြည့်ကာ ရုတ်တရက် သတိပြုမိလိုက်သည်။

"အဲဒီတော့ နင်က သွေးလိုချင်တာပေါ့။ ဘာကြောင့်ငါ့ကိုမပြောတာလဲ။ ပြီးခဲ့တဲ့ ရက်က..."

သူမက ထို့ထက်ပို၍ ပြောဆိုရန် ရှက်ရွံ့ကာ နီမြန်းလာသည်။

လုချီမင်က တိတ်တိတ်နေရန် အမူအရာလုပ်ပြလိုက်သည်။ "ရှူး!"

တံခါးအပြင်ဘက်မှ 'ဟိုးဟိုး' ဟူသည့် အသံတစ်ခုကို ကြားလိုက်ရပြီး ထိုအသံမှာ အဘိုးအိုတစ်ယောက်က ကျိုးပဲ့နေသည့် နှဲကို မှုတ်နေသကဲ့သို့ အက်ရှကြမ်းတမ်းနေ၏။

ဇွန်ဘီများက သွေးနံ့ကို ရလိုက်ကာ ရောက်လာကြသည်။

လူနှစ်ယောက်က အသက်ကိုအောင့်ကာ တံခါးထံ အာရုံစိုက်ထားကြ၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် လက်တစ်ဖက် ဝင်လာခဲ့သည်။

လုချီမင်က ၎င်းအပြည့်အဝ လျှောက်ဝင်လာသည်အထိ စောင့်ဆိုင်းနေပြီး ချက်ချင်း ရေချိုးကန်အားတွန်း၍ တံခါးပိတ်လိုက်သည်။

ကျန်းမြောင်မြောင်က စောင်ဖြင့် အုပ်ရန် စောင်ကို ကောက်,မ ကာ ကြည့်လိုက်သော်လည်း ပစ်မှတ်ကို ရှာမတွေ့ခဲ့ပေ။

"ခေါင်းက ဘယ်မှာလဲ။"

လုချီမင်က ငုံ့ကြည့်လိုက်ပြီး အလွန် အံ့အားသင့်သွားခဲ့သည်။

"အိုး... ဇွန်ဘီငယ်ငယ်လေးတစ်ကောင်ပဲ။"

သူက အသက် ငါးနှစ် ခြောက်နှစ်အရွယ်ခန့်သာရှိပြီး လူကြီးတစ်ယောက်၏ အရပ်တစ်ဝက်မျှသာ ရှိသော်လည်း ၎င်းက သွားများကို ဖြဲကာ လက်သည်းတို့ကို ထုတ်၍ တရှူးရှူးတရှဲရှဲ အော်မြည်နေခဲ့သည်။

သူက ကျန်းမြောင်မြောင် လက်ထဲမှ စောင်ကို ယူ၍ ဇွန်ဘီလေး၏ ခေါင်းကို ခေါက်လိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now