၃၁

1.2K 183 27
                                    

Unicode

သူမက အစားအသောက်အကြောင်း တွေးကာငေးငိုင်နေသည့်အချိန်တွင် လုချီမင်က တံခါးလာခေါက်လေသည်။

"ငါ ဝင်လာလို့ရမလား။"


"ဘာအတွက်လဲ။"


"ပြတင်းပေါက်ကို ပိတ်ပစ်ဖို့လေ။"


ဟမ်?

ကျန်းမြောင်မြောင်က တံခါးကို ဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူမသည် ဗီလာအပေါ်အောက်မှ ပြတင်းပေါက်အားလုံးက သစ်သားဘုတ်ဖြင့် အပိတ်ခံလိုက်ရပြီး မှောင်မည်းနေသည့် အကျဥ်းထောင်သဖွယ် ဖြစ်သွားကြောင်း မြင်လိုက်ရသည်။

"ဘာအတွက် အဲဒီလိုလုပ်ရတာလဲ။"

"ဒါက ပထမအဆင့်ပဲရှိသေးတယ်။ အကုန်လုံး လိုက်ပိတ်ပြီးသွားရင် ဘုတ်တွေကြားမှာ ဟနေတာတွေကို ပလတ်စတစ်အကာနဲ့ သုတ်ဆေးတွေ သုံးပြီး ဇွန်ဘီလှိုင်းလာတဲ့အခါ ငါတို့ရဲ့ အနံ့ကို ဇွန်ဘီတွေ အနံ့ခံနိုင်သွားတာကနေ တားဆီးဖို့ ထပ်ဖြည့်ရလိမ့်မယ်။"

"ဇွန်ဘီတွေ နေ့တိုင်း လျှောက်သွားနေတာပဲ မဟုတ်ဘူးလား။ ဒါပေမယ့် ဘာပြဿနာမှမရှိဘူးလေ။"


"အခုထိ ရာသီဥတုက အေးနေတုန်းပဲ။ အပူချိန်မြင့်လာတဲ့အခါ ဇွန်ဘီတွေက ပိုပြီး ရန်လိုလာပြီး အာရုံခံစားမှုလည်း ပိုထက်မြက်လာလိမ့်မယ်။"


ထိုသည်မှာ မူလစာအုပ်၏ ဇာတ်အိမ်စီစဥ်ထားမှုနှင့် အတူတူပင် ဖြစ်သည်။ ကျန်းမြောင်မြောင်သည် တစ်ဖက်လူက သူမကဲ့သို့ စာအုပ်ထဲက ကာရိုက်တာမဟုတ်ဘဲ စာအုပ်ဖတ်ပြီးနောက် ကူးပြောင်းလာခြင်း ဖြစ်သလားဟု သိချင်လာမိသည်။


ထို့နောက် လုချီမင်က ပြောလိုက်သည်။ "သေချာပေါက် ငါက ခန့်မှန်းနေရုံပါပဲ။ ဒါပေမယ့် လုံခြုံရေးနဲ့ယှဥ်လာရင်တော့ ငါတို့က ပိုပြီးသတိထားသင့်တာမလား။"


ကျန်းမြောင်မြောင်က သူ့ကို ပြန်လှန်မပြောဆိုနိုင်သော်လည်း နောက်ပိုင်း၌ သူမက နေရောင်ခြည်ပင် မမြင်နိုင်တော့ဟု တွေးမိသည့်အခါ အလွန် မသက်မသာဖြစ်လာခဲ့ပေသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now