၄၉

1.1K 139 3
                                    

Unicode

ကျန်းမြောင်မြောင်က သူ့ဆီကနေ အကြည့်လွှဲလိုက်ပြီး ဧည့်ခန်းကို ရှာဖွေလိုက်သည်။ အိမ်ထဲ၌ သူမ အသုံးပြုနိုင်သော ပစ္စည်းများစွာ ရှိလေသည်။

ယူပုံသဏ္ဌာန်လည်သာဆိုဖာ၊ သစ်သားကော်ဖီစားပွဲ၊ လက်မ ၁၀၀ အရွယ်အစားရှိ TV၊ အဲယားကွန်း၊ အဝတ်လျှော်စက်၊ နှစ်ယောက်အိပ်ခုတင်... သူမက အရာအားလုံးကို ယူဆောင်သွားရန် မစောင့်နိုင်တော့ပေ။

သို့သော် သူမ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အကန့်အသတ်ရှိပြီး ထိုမျှ များပြားလှသည့် ပစ္စည်းများကို မသယ်ယူနိုင်ချေ။ သူမက ကော်ဖီစားပွဲကို မ ရန် ကြိုးစားကြည့်သော်လည်း အလုပ်မဖြစ်သည့်အတွက် နေ့စဥ်လိုအပ်သည့် အရာများကိုသာ အာရုံစိုက်လိုက်သည်။

ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာနှင့် ရေချိုးခန်းသုံး အသားအရေထိန်းသိမ်းသည့် ခရင်မ်တို့အပြင် အိပ်ခန်းသုံး စောင်များ၊ ခေါင်းအုံးများ၊ အိပ်ရာခင်းတို့လည်း ရှိသည်။

အဝတ်ဗီရိုထဲတွင် သန့်ရှင်းသော အဝတ်များနှင့် ဖိနပ်စင်ထဲ၌ ဖိနပ်များရှိနေသည့်အတွက် သူမက အိတ်အကြီးကြီး အနည်းငယ်နှင့် ထုပ်ပိုးလိုက်ပြီး ၎င်းတို့ကို ပြန်သယ်သွားရန် အများကြီး အားထုတ်ကြိုးစားလိုက်ရသည်။

အိမ်အသစ်၏ ဧည့်ခန်းထဲ၌ အိတ်များကို ချထားလိုက်ပြီး ကျန်းမြောင်မြောင်က ချက်ချင်း ပြန်သွားခဲ့၏။

သူမသည် လုချီမင်က အားကောင်းမောင်းသန်ယောက်ျားတစ်ဦး ဖြစ်သည့်အတွက် အဓိကလုပ်သားဖြစ်သင့်သည်ဟု တွေးလိုက်သည်။ သူမ သူ့ကို တွေ့လိုက်သည့်အခါ သူက ဝက်အူလှည့်နှင့် ဂွရှင်ကို ကိုင်ပြီး နံရံပေါ်ရှိ ခလုတ်တို့ကို ကလိနေသည်အား မြင်လိုက်ရသည်။

ကျန်းမြောင်မြောင်က ဇဝေဇဝါနှင့် ကြည့်လိုက်သည်။

"နင် ဘာလုပ်နေတာလဲ။"

လုချီမင်က စီးကရက်ကို မီးညှိလိုက်ပြီး အဖြူရောင်အခိုးအငွေ့များကို ရှူထုတ်လိုက်သည်။

"စမ်းကြည့်နေတာ။ ဆိုလာစွမ်းအင်စနစ်က အလုပ်လုပ်ပေမယ့် အိမ်ထဲက စွမ်းအင်ပတ်လမ်းက အသင့်သုံးလို့မရသေးဘူး။ ဒီပစ္စည်းတွေကို ရွှေ့ပြောင်းတပ်ဆင်ပြီးသွားရင် ညနေလောက်ဆို အလင်းရလိမ့်မယ်။"

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now