၅၂

601 74 2
                                    

Unicode

အစပိုင်း၌ ၎င်းက အေးစက်နေသော်လည်း တဖြေးဖြေးနှင့် နွေးထွေးသော ရေအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူမသည် လုချီမင်က အထဲသို့ လျှောက်ဝင်လာပြီး တံခါးနားမှ ခလုတ်ကို နှိပ်လိုက်သည်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။

နွေးထွေးသည့် အဝါရောင်အလင်းတစ်ခုက သူမ ခေါင်းထက်မှ ဖြာကျလာပြီး သူက မျက်နှာကြက်သို့ လက်ညှိုးထိုးပြလိုက်သည်။

"အိုး... ရေပူပေးစက်လည်း ရှိတယ်လား။"

ကျန်းမြောင်မြောင်က သူ့ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

"နင်က အရမ်းတော်တာပဲ။"

သူမက နောက်ပိုင်းတွင် ရေနွေးနွေးလေးဖြင့် ရေချိုးရတော့မည် ဖြစ်၏။

လုချီမင်က တည်ငြိမ်စွာဖြင့် လက်ယမ်းပြလိုက်ပြီး သူ့နှလုံးသားလေးထဲ၌ ချိုမြိန်သည့် ခံစားချက်တို့ ရှိနေခဲ့သည်။

ကျန်းမြောင်မြောင်က ချက်ချင်းပင် အဝတ်အစားချွတ်၍ ရေချိုးပစ်ချင်နေပြီဖြစ်သော်လည်း သူ၏ သွေးဆုတ်ဖြူလျော်နေသော လက်ကောက်ဝတ်နှင့် ရေဘုံပိုင်ခေါင်းကို တပ်ဆင်ခဲ့သည်အား စဥ်းစားလိုက်သည််အခါ အသိစိတ်ရှိရှိနှင့် လမ်းလျှောက်ထွက်လာခဲ့သည်။

"နင် အရင် ရေချိုးလိုက်၊ ငါ သွားချက်ပြုတ်လိုက်ဦးမယ်။"

လုချီမင်က သူမကို တားလိုက်သည်။ "မင်း အရင်ချိုးလိုက်ပါ။ ငါ လုပ်လိုက်မယ်။"

သူမက ထိတ်လန့်တကြား သူ့ကို ကြည့်လိုက်သည်။ "နင်.... အများကြီး ပြောင်းလဲသွားတယ်နော်။"

ယခင်က သူသည် သူမ၏ အစားအသောက်များကို လုယက်ခဲ့သော်လည်း ယခုတွင် သူက အရင်ဆုံး ရေချိုးရန် အခွင့်အရေးကို လက်လျှော့ရန် အစပြုခဲ့သည်လား။

လုချီမင်က သက်ပြင်းချလိုက်သည်။ "ငါ ခရမ်းချဥ်သီးအချဥ်ရည်ထဲမှာ ထည့်ပြုတ်ထားတဲ့ ရာဘာချောင်းတွေ မစားချင်ဘူး။"

ကျန်းမြောင်မြောင် : "...နင့်ဟာနင် သွားချက်တော့!"

ယေး! သူမ အရင်ရေချိုးရတော့မယ်။ သူမက အရင်ဆုံး ရေချိုးရန် စိတ်အားထက်သန်နေပေသည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now