၃၉

1.2K 181 8
                                    

Unicode

လက်ရှိ ကမ္ဘာပျက်ကပ်အတွင်းတွင် အသက်ရှင်နေထိုင်ရန်မှာ ကောင်းမွန်လှသော အရာများ လိုအပ်ခြင်းမရှိပေ။ ဗိုက်ပြည့်အောင် စားသောက်နေနိုင်ရုံဖြင့် ပြည့်စုံလှပြီ ဖြစ်၏။

လုချီမင်က ခေါက်ဆွဲများကို ပန်းကန်ထဲသို့ ထည့်လိုက်ပြီးနောက် ပြန်လှည့်လာသည့်အခါ သူမ နိုးနေသည်ကို မြင်သွားပြီး အံ့သြသွားသည်။

"နိုးပြီလား။ ဗိုက်ဆာနေပြီလား။"


သူမ ခေါင်းညိတ်လိုက်သည့်အခါ လုချီမင်က ခေါက်ဆွဲပန်းကန်ကို သူမထံ လှမ်းပေးလိုက်ပြီး သူ့အတွက်သူ တစ်ပန်းကန် ထပ်ထည့်လိုက်သည်။ သူက မီးဖိုကို မီးသတ်လိုက်ကာ အမှောင်ထဲတွင် သူမနှင့် ဘေးချင်းယှဥ်ထိုင်၍ ခေါက်ဆွဲစားနေခဲ့သည်။

"ဇွန်ဘီလှိုင်းက ဘယ်တော့မှပြီးမယ်ဆိုတာ ငါတို့ မသိဘူး။ ဒါက ငါတို့အတွက် ခက်ခဲနိုင်ပေမယ့် မြေအောက်ခန်းထဲမှာရှိတဲ့ ရိက္ခာတွေက ငါတို့ကို လုံလောက်တဲ့ အထောက်အပံ့ ဖြစ်ပေးနိုင်သင့်ပါတယ်။"


"ဒါကို ကျော်ဖြတ်သွားနိုင်ပြီးရင် ဘာလုပ်မှာလဲ။"


"ဟမ်?"


"နင့် သူငယ်ချင်းတွေကို သွားရှာမှာလား။"


လုချီမင်က စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။


"မင်း ဆန္ဒရှိရင် ငါ မင်းကိုပါ အတူခေါ်သွားပေးနိုင်ပါတယ်။"


ကျန်းမြောင်မြောင်က ခေါင်းခါလိုက်ပြီးမှ သူ မမြင်နိုင်တာကို သတိရကာ ပြောလိုက်သည်။


"မလိုဘူး။ သူတို့က နင့်သူငယ်ချင်းတွေလေ။ ငါ့သူငယ်ချင်းတွေ မဟုတ်ဘူး။ ငါ ဘာမှမလုပ်နိုင်ပေမယ့် ကျန်နေသေးတဲ့ ရိက္ခာတွေကို စားသောက်ပြီး နေလို့ရပါသေးတယ်။ လောကကြီးက ငြိမ်းချမ်းနေသေးရင် အဆင်ပြေတယ်ဆိုပေမယ့် အခုချိန်က လျှောက်ပြေးနေလို့ မကောင်းဘူးလေ။ ငါ တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။"

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now