၅၁

713 115 10
                                    

Unicode

မြေအောက်ခန်းအတွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး နောက်ဆုံး၌ သူမက လျှပ်စစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ကျန်းမြောင်မြောင်က ကစားခြင်းအား မရပ်တန့်နိုင်တော့ပေ။

ဖုန်းကစားရင်း ပျင်းရိလာသည့်အခါ သူမက ကွန်ပျူတာကိုဖွင့်လိုက်ကာ အစိမ်းရောင်စိန်တုံးလေးများကို နှိပ်ကာ ဆော့ကစားရသည့် ဂိမ်း၊ မကောင်းဆိုးဝါးဖမ်းသည့်ဂိမ်းနှင့် အဆောက်အဦး တည်ဆောက်ခြင်းဂိမ်းများကို နာရီပေါင်းများစွာ ကြာအောင် ဆော့ကစားခဲ့သည်။ 

အချိန်က တဖြေးဖြေး ကုန်ဆုံးသွားပြီး သူမ၏ လည်ပင်းက တောင့်တင်း နာကျင်လာသည့်အခါမှ ခေါင်းမော့ကြည့်လိုက်သည့်အခါ မှောင်နေပြီကို တွေ့လိုက်ရ၏။ ဧည့်ခန်းက အလင်းမှိန်မှိန်သာ ရှိကာ တိတ်ဆိတ်နေသည်။

"လုချီမင်?"

သူမက အော်ခေါ်လိုက်သော်လည်း မည်သူကမှ ပြန်မဖြေခဲ့သည့်အတွက် သူမက ကွန်ပျူတာကို ပိတ်ကာ ထ၍ လမ်းလျှောက်လိုက်သည်။

အိမ်အနီးဝန်းကျင်တွင် ဇွန်ဘီအနည်းငယ် လျှောက်သွားနေသော်လည်း သူမ ခန္ဓာကိုယ်မှ ဇွန်ဘီသွေးများကို မဆေးကြောရသေးသည့်အတွက် ဇွန်ဘီများက သူမကို အပေါင်းအပါအဖြစ် သတ်မှတ်ထားပြီး အရေးမလုပ်ကြပေ။

လမ်းမငယ်၏ ရှေ့တည့်တည့် သူမနှင့် မျက်နှာချင်းဆိုင်မှ ထောင့်မှန်စတုဂံသဏ္ဌာန်အရာကြီး တစ်ခု လမ်းတလျှောက်ချဥ်းကပ်လာသည်အား မြင်လိုက်ရ၏။

ကျန်းမြောင်မြောင်က သူမ၏ မျက်လုံးများကို ပွတ်လိုက်ပြီး သူမ ဇဝေဇဝါ ဖြစ်နေသည်လား သေချာကြည့်လိုက်သည်။

Holy sh*t, မွေ့ရာကြီးက စိတ်ဝိညာဥ်ဖွံ့ဖြိုးလာတာလား။ လမ်းမပေါ်မှာ ဘယ်လိုလုပ် နင့်ဟာနင် လမ်းလျှောက်လာနိုင်ရတာလဲ။

ထိုမွေ့ရာကြီးက နီးကပ်သထက် နီးကပ်လာသည့်အခါ ကျန်းမြောင်မြောင်က အောက်ခြေမှ ခြေထောက်နှစ်ချောင်းကို သတိပြုမိသွားပြီး အကူအညီပေးရန် အမြန် ပြေးသွားလိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now