၄၀

1.2K 184 4
                                    

Unicode

အသင့်စားခေါက်ဆွဲခြောက်ကို အစာချေရန် အချိန်သိပ်ကြာကြာမယူလိုက်ရဘဲ သူတို့က နောက်တစ်ကြိမ် ထပ်၍ ချက်ပြုတ်ရပြန်သည်။

မြေအောက်ခန်းထဲတွင် နေအလင်းရောင်မရှိသည့်အတွက် နေ့နဲ့ညကို ခွဲခြားနိုင်ရန် နည်းလမ်း မရှိပေ။


အချိန်ကို ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျန်းမြောင်မြောင်၏ နာရီ ဖြစ်သည်။


သူမက ၁၂ နာရီကြာတိုင်း ကွန်ကရစ်နံရံပေါ်၌ မျဥ်းတစ်ကြောင်းဆွဲထားလိမ့်မည် ဖြစ်သည်။ မျဥ်းရှစ်ကြောင်းသို့ ရောက်လာသောအခါ သူမက ရူးတော့မလို ခံစားလိုက်ရသည်။


အထဲသို့ မပြောင်းရွှေ့ခင် သူမ၏ ဘဝက ပျင်းစရာကောင်းသော်လည်း ကောင်းစွာနေထိုင်ရသည်။


ယခုတွင် နေရောင်လည်းမရှိ၊ အသီးအရွက်များလည်း မရှိ၊ အသက်ရှူရန် လေကပင် သန့်ရှင်းခြင်းမရှိသလို ခံစားရပေသည်။ သူမ ယခင်က အချိန်ကုန်စေရန် ပြုလုပ်ခဲ့သည့် လက်ရေးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းတို့က ယခုအခါတွင် ဇိမ်ခံသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။

သူမက ပိတ်ထားသည့် ရေချိုးကန်ကို စိုက်ကြည့်နေပြီး ဇွန်ဘီများက ၎င်းကို တွန်းကာ ပြေးဝင်လာမည်ဟု စိတ်ကူးနေသည်။ သို့မှသာ သူမက ဤဘဝကို အဆုံးသတ်ဖို့ ဒီဇယ်များဖြင့် မီးလောင်တိုက်သွင်းရန် အကြောင်းပြချက်တစ်ခု ရလာပေလိမ့်မည်။


လုချီမင်က သူထက် အများကြီးပို၍ တည်ငြိမ်ပေသည်။ သူက နေ့တိုင်း ချက်ပြုတ်၊ စားသောက်ပြီး အိပ်စက်ကာ ရေပုံးများကို မ ကာ လေ့ကျင့်ခန်းပင် လုပ်နေခဲ့သေးသည်။ သူက ဝက်တစ်ကောင်ကဲ့သို့ ဘဝနေထိုင်မှုကို အလွအလွန်နှစ်သက်စွဲလမ်းနေခဲ့၏။

အမှတ်အသားမျဥ်းက ၁၁ ကြောင်းသို့ ရောက်လာသောအခါ ကျန်းမြောင်မြောင်က နံရံကို မှီထိုင်ကာ တစ်ယောက်တည်း ခပ်တိုးတိုးနှင့် ပွစိပွစိပြောနေခဲ့၏။

လုချီမင်က ရေပုံးများကို အောက်သို့ ချလိုက်ပြီး ချွေးများအား သုတ်ရင်း သူမ ဘေးတွင် ထိုင်ချလိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Onde as histórias ganham vida. Descobre agora