၄၆

1K 144 15
                                    

Unicode

လုချီမင်က နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး စကားတစ်ခုခု ပြောချင်ခဲ့သော်လည်း ကျန်းမြောင်မြောင်က သူ့ကို လွှတ်လိုက်ပြီးဖြစ်ကာ သူမ၏ အိမ်အသစ်ကို သွားရန် မစောင့်နိုင်တော့ပေ။

သူက လိုက်လာခဲ့သည်။ သူက တံခါးဆီသို့ လျှောက်နေရင်း သူမ နှုတ်ခမ်းအပူချိန်နှင့် အထိအတွေ့ကို ပြန်စဥ်းစားမိကာ မနေနိုင်ဘဲ သူ့ပါးပြင်သူ ထိတွေ့လိုက်သည်။

ဗီလာအပြင်ဘက်တံခါးက သော့ခတ်ထားခဲ့သည်။ ကျန်းမြောင်မြောင်က ကြိုးစားကြည့်သော်လည်း ဖွင့်မရခဲ့ပေ။ သူမက ခြေနှစ်လှမ်းလောက် ပြန်ဆုတ်ကာ မြင့်မားသည့် ခြံဝန်းတံခါးကို ပူပန်စွာ ကြည့်လိုက်သည်။

"ငါတို့တွေ...."

သူမ စကားပြော၍ မဆုံးခင် ပေါ့ပါးသည့် လေတစ်သုတ်က သူမကို ဖြတ်တိုက်သွားခဲ့သည်။ လုချီမင်က နံရံပေါ်ကို ကျော်တက်လိုက်ပြီး သူမဘက်ကို လှည့်ကာ ခန္ဓာကိုယ်အား ကိုင်း၍ လက်ကို ဆန့်ထုတ်လိုက်သည်။

ကြောင်တောင်တောင်နှင့် သူမက သူ့ကို လက်မထောင်ပြလိုက်ပြီး အပေါ်သို့တက်ရန် သူ့လက်ကို အားပြုကာ ဆွဲလိုက်သည်။

လုချီမင်က သူမကို အဝတ်စတစ်စကဲ့သို့ ဆွဲတင်လိုက်၏။

"ကျေးဇူး"

သူမက ခက်ခက်ခဲခဲ ရပ်လိုက်ပြီး မော့ကြည့်ကာ ကျေးဇူးတင်စကားပြောလိုက်ချိန်၌ တစ်ဖက်လူက အောက်သို့ ခုန်ချသွားပြီးဖြစ်ကာ မြေပေါ်တွင် ခိုင်ခိုင်မာမာ ရပ်နေခဲ့ပြီး ဖြစ်၏။

ကျန်းမြောင်မြောင်: ...ခြေထောက်ရှည်တွေ ကြောက်ဖို့ကောင်းချက်။

သူမက နံရံကို ဆွဲကာ ကိုးယို့ကားယားနှင့် ဆင်းလိုက်သည်။ လုချီမင်က သူမ၏ ချိုင်းမှပင့်ချီလိုက်ကာ သူ့ဘက်သို့ သယ်ချပေးခဲ့သည်။

ထို့နောက် သူက လက်ကို ပြန်ရုတ်လိုက်ပြီး မေးကို မော်ချီထားသည်။

"တကယ်လို့ ငါသာပြန်မလာရင် မင်း ဒီနံရံကို တက်နိုင်မှာမဟုတ်ဘူး။"

ကျန်းမြောင်မြောင်၏ ရင်ထဲမှ ကျေးဇူးတင်နေမှုက ချက်ချင်း ဟုပ်ခနဲ ပျောက်ကွယ်သွားလေသည်။ သူမက လက်ခလယ်ထောင်ပြလိုက်ပြီး ခြေထောက်များကို မြှောက်ကာ ဂိတ်ဆီသို့ ဦးတည်လိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now