၅၄

519 78 1
                                    

Unicode

လုချီမင်၏ အကျပ်ကိုင်မှုအောက်တွင် ကျန်းမြောင်မြောင်က နောက်ထပ် ဘာတွေကို ရှာဖွေသင့်လဲဆိုသည်အား သူနှင့်အတူ အစည်းအဝေး လုပ်ခဲ့ရသည်။

အရင်ဆုံး သူတို့ နေထိုင်ရန် လိုအပ်သည့် အရာများကို စာရင်းလုပ်လိုက်သည်။

လုံခြုံရေးပြတင်းပေါက်များအတွက် အခြားအိမ်များမှ ရွှေ့ပြောင်း၍ ပြတင်းပေါက်များ တစ်ခုမကျန် တပ်ဆင်ရပေမည်။ အစားအသောက်များ ပိုမိုစုဆောင်းထားရမည်။ ယခင် ဇွန်ဘီလှိုင်းဖြစ်ပွားခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့ရသည်အား သင်ခန်းစာယူ၍ အနည်းဆုံး တစ်လစာအတွက် အစားအသောက် အသုံးအဆောင်များ သိုလှောင်ထားနိုင်ရန် လုပ်ဆောင်သင့်ပေသည်။ အာဟာရဓာတ်မျှတသည့် အစားအစာများနှင့် လျှပ်စစ်အထောက်အပံ့ပစ္စည်းများ ပိုပြီး ပြည့်စုံစွာရှိနေလျှင် ပိုကောင်းပေသည်။ မကြာခင်၌ နွေရာသီရောက်တော့မည်ဖြစ်ပြီး အပူချိန်က မြင့်မားလာမည်ဖြစ်ရာ လေအေးပေးစက်၊ ရေခဲသေတ္တာနှင့် ထိုသို့အလားတူ ပစ္စည်းများ ရှိထားခြင်းက လူနေမှုဘဝကို ပိုမို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ အေးစက်သည့် လေထဲတွင် ရေခဲမုန့်စားနေကျ လူများအနေနှင့် နွေရာသီ၌ လေအေးပေးစက်မရှိဘဲ နေထိုင်ရခြင်းက သူတို့၏ အသက်တစ်ဝက်လောက် နှုတ်ယူပစ်လိုက်သလို ခံစားရနိုင်ပေသည်။ ဗီတာမင်ဓာတ် လုံလုံလောက်လောက် ထောက်ပံ့နိုင်ရန် ဗီလာအတွင်း စိုက်ခင်းအသေးစားလေး တစ်ခု စိုက်ပျိုးထားနိုင်လျှင် 'ဇွန်ဘီများအကိုက်ခံရခြင်းမှ ​ရှောင်ကြဥ်နိုင်သော်လည်း အာဟာရချို့တဲ့ကာ သေရခြင်းမျိုး' ဖြစ်လိမ့်တော့မည် မဟုတ်ပေ။ 

"အပေါ်က ပစ္စည်းလေးမျိုးကို ဒီလအတွင်းအပြီး ရအောင် ရှာရမယ်။ အနာဂတ်မှာ အသက်လုံခြုံဖို့နဲ့ပတ်သတ်ပြီး အရည်အသွေး စိတ်ချရအောင် သေချာရှာဖွေရမယ်။ တကယ်လို့ တခြားအရာတွေ တွေးမိတာရှိရင်လည်း အဲဒါတွေနဲ့ အတူတူရှာဖွေလို့ရတယ်။ အချိန်တိုအတွင်း ရှာနိုင်လေ ပိုကောင်းလေပဲ။"

လုချီမင်က သူမကို မှတ်စုစာအုပ် လှမ်းပေးလိုက်ပြီး မျက်ခုံးအား ပင့်လိုက်သည်။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now