Prologue

21.1K 953 50
                                    

|| Unicode ||

ချိုးကျင်းတစ်ယောက် နောက်တစ်ကြိမ် စာအုပ်ထဲသို့ ကူးပြောင်းသွားခဲ့ပြန်ပြီဖြစ်သည်။

အရင်တစ်ခေါက် သူ လူတွေကို ရူးသွပ်သွားစေနိုင်တဲ့ ဖယ်ရိုမုန်းတွေ ထုတ်ပေးတဲ့ အိုမီဂါတစ်ယောက် ကူးပြောင်းခဲ့လေသည်။ ဒီတစ်ကြိမ်က ကောင်းကင်ဘုံက သူ့ကို ဂရုဏာသက်ခဲ့တာကြောင့် နောက်ဆုံးမှာ အယ်လ်ဖာတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းခဲ့လေပြီ။ ထပ်ပြီးတော့ ရှိသေးတာက သူအခု ဝင်ရောက်ထားရတဲ့ အယ်လ်ဖာက အနုပညာလောကရှိ ဆွဲဆောင်မှုအရှိဆုံး သူတစ်ယောက်ဖြစ်သည်။

ဒါပေမယ့်လည်း သူ့ဇာတ်ကောင်မှာ အမြောက်စာဇာတ်ကောင်လေး ဖြစ်နေခဲ့သည်။

ဒီမူရင်းဝတ္ထုရဲ့ အဓိကဇာတ်ကောင် ကျိရှန်းရှောင်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ မာနကြီးလှသည့် CEOတစ်ယောက်ပင်။ သူက အထွတ်အထိပ်ရောက်နေသော အယ်လ်ဖာတစ်ယောက် ဖြစ်သည်။ သူ့ရဲ့ ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းက အရမ်းကို အားပြင်းလှတာကြောင့် သူ့ကို ဘယ်အိုမီဂါက မြူစွယ်နေပါစေ.... တောင်ကြီးတစ်တောင်လို မတုန်မလှုပ်ပဲ ‌ရှိနေလိမ့်မည်။ ဒါပေမဲ့လည်း ဒီဝတ္ထုရဲ့ နောက်ထပ်အဓိကဇာတ်ကောင်ဖြစ်သည့် အိုမီဂါနဲ့ တွေ့သွားတဲ့အခါမှာတော့ ကျိရှန်းရှောင်ရဲ့ ဒုတိယဗီဇက ပေါ်ထွက်လာခဲ့ပြီး ဆာလောင်နေသည့် သားရိုင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ပြီးတော့ ချိုးကျင်းဆိုသည့် အမြောက်စာဇာတ်ကောင်က ထိုအင်အားကြီးမားလှသည့် ကျိရှန်းရှောင်နဲ့ သွားပြိုင်ခဲ့လေသည်။ အထက်စီးဆန်ပြီး အင်အားသုံးကာ ယှဉ်ပြိုင်ခဲ့တာကြောင့် ကြီးကျယ်ခမ်းနားစွာနဲ့ပဲ ရှုံးနိမ့်သွားခဲ့တောသည်။ သူက အဓိကဇာတ်ကောက် အိုမီဂါလေးကို အရယူနိုင်ဖို့အတွက် ရူးမိုက်စွာနဲ့ အကြိမ်ကြိမ် ယှဉ်ပြိုင်ရင်း နောက်ဆုံးမှာတော့ သူ့ရဲ့ဂလင်းမှာ ပျက်စီးသွားခဲ့ပြီး သူ့ရဲ့မိသားစုမှာလည်း ဆင်းရဲဒုက္ခဆိုသည့် တွင်းနက်ကြီးထဲသို့ ကျရောက်သွားခဲ့သည်။

ထိုသို့သော နောင်တတွေကြောင့် ချိုးကျင်းမှာ အဆိပ်အတောက်ဆန်သည့် အယ်လ်ဖာတစ်ယောက် ဖြစ်မလာစေဖို့ အစွမ်းကုန် ကြိုးစားတော့လေသည်။ လူသားတွေမှာ ကံကြမ္မာကို ကိုယ့်သဘောကျ မသတ်မှတ်နိုင်ပေမယ့်လည်း ချိုးကျင်းမှာတော့ အရင်တစ်ခေါက်ကလို အိုမီဂါ မဟုတ်တော့ပဲ သူသဘောကျရသည့် အယ်လ်ဖာခန္ဓာကိုယ်ကို ရရှိလာတာဖြစ်သောကြောင့် အဆင်အတန်းမြင့် အယ်လ်ဖာတစ်ယောက် ဖြစ်လာရန် အစွမ်းကုန် ကြိုးစားခဲ့တော့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Où les histoires vivent. Découvrez maintenant