Chapter - 23

5.5K 837 40
                                    

|| Unicode ||

ချိုးကျင်းနှင့် ကျိရှန်းရှောင်မှာ အခုလက်ရှိ ဖြစ်ပေါ်နေ‌သော ကြောင်တောင်နိုင်နေသည့် ခံစားရသည့် ပတ်ဝန်းကျင်ကို တိတ်တဆိတ်ဖြတ်သန်းရင်း အစီအစဉ်ကိုသာ ဆက်ကြည့်နေလိုက်တော့သည်။

ရှန်းရှီနဲ့ ကျိရှန်းရှောင်တို့နှစ်ယောက် ဥယျာဉ်သန့်ရှင်းရေး လုပ်နေတာ အစီအစဉ်မှာ ပေါ်လာတဲ့အခါမှာတော့ တစ်ချို့ဖန်တွေက သူတို့နှစ်ယောက်က စတင်ပေးစား‌နေကြပြီဖြစ်သည်။

ရှန်းရှီမှာ ပြီးပြည့်စုံလောက်အောင် စိတ်ထားကောင်းတဲ့သူ မဟုတ်ပေမယ့် သူ့ရဲ့မျက်နှာသွင်ပြင်၏ ဆွဲဆောင်နိုင်စွမ်းမှာ အားကောင်းလှသည်။ သူက ဒီအတိုင်းလေး ဘာမှမလုပ်ပဲ ရပ်နေတာတောင်မှ နတ်သားလေးနှင့် တူသော အလှတရားကို ပေးစွမ်းနေပြီးတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သည့်ပုံလေးကတော့ အပိုဆောင်းဖြစ်လေသည်။

ကျိရှန်းရှောင်ကတော့ ရှန်းရှီနှင့် လုံးဝကို ကွာခြားသောပုံရိပ်ကို ပိုင်ဆိုင်လေသည်။ သူက လူကြီးလူကောင်းဆန်တဲ့ လူတစ်ယောက်ပုံ‌ ပေါက်ပေမယ့် သူ့ရဲ့သန်မာလှသော ကြွက်သားတည်ဆောက်မှုတွေက မြင်ရတဲ့လူတွေကို တစ်ဖက်လူက ဖယ်ရိုမုန်းတွေက ဘယ်လောက်တောင် အားကောင်းနေလိမ့်မလဲ ဆိုတာကို ခံစားမိစေသည်။

ဒါပေမဲ့လည်း ထိုသို့သော ကွဲခြားလှသည့် ပုံရိပ်ရှိသော လူနှစ်ယောက်မှာ မလိုက်ဖက်ဘူးလို့ ပြောလို့မရပေ။ ပြီးတော့ သူတို့တွေက အခု ရိုမန့်တစ်အဆန်ဆုံးနေရာဖြစ်သည့် ပန်းဥယျာဉ်ထဲကို ရောက်နေတာဖြစ်သည်။ အဲ့ဒါက memeတစ်ခုကို သတိရသွားစေသည်။ ကြည့်ရှုသူတွေအားလုံးက သူတို့နှစ်ယောက်ရဲ့ ခေါင်းတွေကို နီးကပ်စေပြီး 'အခုနမ်းလို့ရပါပြီ'လို့ ပြောနေသည့်memeပင်။

ချိုးကျင်းက ကျိရှန်းရှောင်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ တစ်ဖက်လူက အစီအစဉ်ကို ငြိမ်သက်စွာနဲ့ ကြည့်နေခဲ့ပြီး ဘယ်လိုမူမမှန်သည့် အပြုအမူမျိုးမှ ရှိမနေခဲ့ပေ။ ဒါပေမယ့် မူရင်းဝတ္ထုအရဆိုရင် သူတို့ကြားက ခံစားချက်တွေက ရသစုံရိုက်ကူးရေး ရိုက်နေတုန်းမှာ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now