Chapter - 29

4.9K 783 53
                                    

ရှောင်ကျူး နာမည်မှားရေးမိတာရှိတယ်ရှင့်! ပိုင်ထန်ဖြစ်ရမှာကို ဘိုင်တန်လို့ မှားရေးမိထားတာပါ! အစကတော့နောက်မှ ပြန်ပြင်ဖို့ စဉ်းစားထားပေမယ့် အများကြီးအတိုင်း ဖတ်နေရမှာကို အားနာလို့ ပြန်ပြင်ပေးထားပါတယ်နော်! နောက်မှားတာရှိရင်လည်း ရှောင်ကျူးကို ပြောပြပေးကြပါဦးနော် (*^▽^*)

|| Unicode ||

အဲ့ဒီ့နေ့ညမှာတော့ ချိုးကျင်းတစ်ယောက် နောက်ကျောမှာ ဆူးတွေနဲ့ အထိုးခံနေရသလို နာကျင်နေတော့သည်။ ကျိရှန်းရှောင်နဲ့ နေရာတစ်ခုထဲမှာ အတူတူအိပ်ရတာက အဆင်ပြေပေမယ့်လည်း ကျိချီရှန်းကတော့ သူ့ဆီကို ရိုင်းစိုင်းတဲ့ မက်ဆေ့ခ်ျတွေ ပို့နေခဲ့လေသည်။ သူက ချိုးကျင်းဟာ လုံးဝအရှက်မရှိကြောင်း၊ ဘာသရုပ်ဆောင် အရည်အချင်းမှလည်း မရှိကြောင်း၊ သူ့ရဲ့သီချင်းတွေက ဘယ်လောက်တောင် ဆိုးဝါးနေကြောင်း၊ စတိတ်ပေါ်က ပါဖောမန့်စ်လုပ်ရင် ဘယ်လောက်တောင် ဆိုးဝါးကြောင်း၊ သူထုတ်လုပ်တဲ့ သီချင်းတစ်ပုဒ်တစ်လေကမှ ကောင်းတာမရှိကြောင်း ပြောလာခဲ့သည်။

ချိုးကျင်းကလည်း လျစ်လျူရှုကာ မအိပ်နိုင်တာကြောင့် ပြန်ပြောလိုက်တော့သည် :  ⟨ ငါထုတ်ဖူးသမျှ သီချင်းတွေက  ကောင်းတာတစ်ခုမှ မရှိဘူးဆိုတာကို မင်းကဘယ်လိုသိလဲ? မင်းက ငါ့သီချင်းတွေ အကုန်လုံး ကြည့်ထားတာလား? ⟩

တစ်ဖက်လူက အချိန်အကြာကြီး စာမပြန်ခဲ့ပေ။

⟨ ဘယ်သူက မင်းရဲ့သီချင်းကို လိုက်နားထောင်နေရမှာလဲ? ⟩

ချိုးကျင်းက ဖုန်းထဲကနေတစ်ဆင့် တစ်ဖက်လူရဲ့ ဒေါသကို ခံစားလိုက်ရတော့သည်။ နောက်ဆုံးမှာတော့ သူက တစ်ဖက်လူကို ဒေါသထွက်အောင် လုပ်နိုင်သွားတာကြောင့် စိတ်သက်သာရာရသွားကာ ဖုန်းကိုပိတ်လိုက်ပြီး အိပ်ဖို့ပြင်ခဲ့တော့သည်။

သူက ကောင်းကောင်းအိပ်မပျော်လောက်ဘူးလို့ ‌ထင်‌ခဲ့ပေမယ့်လည်း အံ့အားသင့်စရာကောင်းစွာနဲ့ ‌သက်တောင့်သက်သာ ရှိနေခဲ့လေသည်။ ရင်းနှီးနေတဲ့ ဖယ်ရိုမုန်းအနံ့ကြောင့် သူက ကောင်းကောင်းအိပ်ပျော်သွားခဲ့ပြီး အာရုဏ်တက်အထိ အိပ်ပျော်သွားခဲ့သည်။ ချိုးကျင်းမှာ ကျိချီရှန်းတစ်ယောက် ဘာဖြစ်ချင်နေလဲကို နားမလည်ခဲ့ပေမယ့် ထိုလူရမ်းကားလေးကတော့ ဒုတိယနေ့မှာလည်း ဆက်ပြီးတော့ ကလန်ကဆန် လုပ်နေခဲ့လေသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now