Chapter - 79 (Epilogue)

5.5K 599 44
                                    

|| Unicode ||

"စပရိုက်! ချိုးကျင်းရဲ့ လမ်းကြားထဲက နက်ရှိုင်းလှတဲ့အနမ်း!"

ညတစ်ညမှာတော့ အွန်လိုင်းဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုက ပေါ်လာခဲ့သည်။

ပုံထဲတွင် ကျိရှန်းရှောင်က ချိုးကျင်းအား နံရံပေါ်သို့ တွန်းမှီထားစေခဲ့ပြီး လက်မောင်တွေက ခါးအားရစ်ပတ်ထားကာ ဒူးခေါင်းကလည်း နံရံကိုထောက်ထားခဲ့သည်။ ချိုးကျင်းအားလည်း သူ့ရဲ့ပေါင်ပေါ်မှာ ထိုင်ကျစေနိုင်လောက်သည်အထိ ဖိအားပေးကာ ဖက်တွယ်ထားလေသည်။

ချိုးကျင်းကိုယ်တိုင်ကလည်း တစ်ဖက်လူရဲ့ အပြုအမူကို တွန်းကန်လိုခြင်းမရှိခဲ့ပေ။ သူက တစ်ဖက်လူဆီကနေ လွှမ်းမိုးထားခြင်းကို ခံနေရပြီး ရှုပ်ထွေးနေဟန်‌ပေါ်သော မျက်ဝန်းအကြည့်တွေက ကြည့်မိတဲ့လူတိုင်းအား ရှက်သွေးဖြာစေသည်။

အခုဆိုရင် ည၁၂နာရီကို ကျော်လွန်သွားပြီ ဖြစ်သော်လည်း သူတို့နှစ်ယောက်ကြားရှိ ထိုပုံက အခုထိကို နာမည်ကြီးကာ လူပြောများနေလေသည်။ အွန်လိုင်းအသုံးပြသူ အများစုကလည်း ထိုပုံကို‌သိမ်းကာ သူတို့ကိုယ်ပိုင်အကောင့်မှာ အလျင်အမြန်ကို ပြန်တင်ကြတော့သည်။

[ခဏနေပါဦး.... အဲ့ဒါက တကယ်ကြီးလား?]

[သူတို့နှစ်ယောက်က ရသစုံရှိုး တော်တော်များများမှာ သဲလွန်စတွေ ပေးတတ်ပေမယ့် ဒီအဆင့်လောက်အထိ ဖြစ်သွားမယ်လို့ မထင်ထားဘူး!]

[မှောင်နေတဲ့လမ်းကြားထဲမှာ နမ်းတယ်?! သူတို့နှစ်ယောက်လုံးက တိုင်းသိပြည်သိနှစ်‌ယောက်ကို..... ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်ရဲရတာလဲ?]

[ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလို့များလား? ငါအထင်တော့ အဲ့လိုနေရာမှာ နမ်းရတာက အရိုင်းဆန်စေတယ်လေ.....!]

[‌ကြည့်ရတာ သူတို့နှစ်ယောက်လုံးက တော်တော်လေး အရိုင်းဆန်နေတဲ့ပုံပဲ! ချိုးကျင်းရဲ့ လည်ပင်းလိုင်းကိုပဲ ကြည့်လိုက်ဦး...... ပြီးတော့ ကျိရှန်းရှောင်ရဲ့နောက်ကျောကို ကုတ်ထားတဲ့ သူ့ရဲ့လက်တွေ....]

[ခဏနေပါဦး..... ငါမှတ်မိသလောက်ဆိုရင် ချိုးကျင်းက ထိပ်တန်းပစ္စည်းစာရင်းမှာ နံပါတ်နှစ် ချိတ်ထားတဲ့ အနုပညာရှင်မဟုတ်လား? အဲ့ဒါဆို နံပါတ်တစ်နဲ့ နံပါတ်နှစ်က ရောင်းကုန်သွားပြီပေါ့....]

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now