Chapter - 69

4.4K 684 37
                                    

|| Unicode ||

ချိုးကျင်းမှာ တစ်ဖက်လူအား ဒေါသလျှော့ရန် အကြိမ်ကြိမ် နှစ်သိမ့်ဖြောင်းဖျခဲ့ပြီး ကျိရှန်းရှောင်ကလည်း ချိုးကျင်းဘက်က အခုလိုမျက်နှာငယ်လေးနဲ့ ‌ပြောနေတာကို သဘောကျနေခဲ့ပေမယ့် အပြင်ပန်းမှာတော့ အေးစက်နေ‌သော မျက်နှာထားဖြင့်သာနေနေခဲ့ပြီး ဆက်ချော့စေလေသည်။

နောက်ဆုံးမှာတော့ ချိုးကျင်းကိုယ်တိုင်လည်း စိတ်မရှည်လာတာကြောင့် ဒေါသထွက်လာကာ တစ်ဖက်လူအား ပြန်ပြောတော့သည်။

"အဲ့ဒါတွေက အင်တာနက်ပေါ်မှာရှိတဲ့ အတု‌အယောင်တွေပါ! ကျွန်တော်သဘောကျတဲ့လူက ခင်ဗျားဆိုတာကို မသိဘူးလား?"

ချိုးကျင်က ဆက်ပြီးတော့ ပြောလာခဲ့သည်။

"ကျွန်တော် ရုပ်ရှင်စရိုက်တုန်းက ကျွန်တော်တို့နှစ်ယောက်ကြား ဆက်ဆံရေးက အတည်တကျမရှိသေးဘူးလေ! ဒါတွေအားလုံးက အွန်လိုင်းအသုံးပြုသူတွေ စနောက်ထားတာတွေပဲ! ဘယ်သူမှ အတည်မယူကြဘူး! ခင်ဗျားက ဘာမဟုတ်တာလေးကို ဒေါသထွက်နေပြီး ကျွန်တော်ကရော ဘာလို့အဲ့ဒါအတွက် ဆက်တိုက်ရှင်းပြနေရမှာလဲ? ဘာလဲ? ခင်ဗျားက ကျွန်တော်နဲ့ ရန်ဖြစ်ချင်နေတာလား?"

ချိုးကျင်းပြောလိုက်တဲ့ စကားတွေက အနည်းငယ်ရင့်သီးပြီး နားထောင်လို့ မကောင်းပေမယ့်လည်း ကျိရှန်းရှောင်ကတော့ တစ်ဖက်လူကို အရမ်းချစ်တာကြောင့် လုံးဝအပြစ်မမြင်ပဲ ချစ်ဖို့ကောင်းတယ်လို့သာ မြင်နေခဲ့တာဖြစ်သည်။

ဒီလိုမျိုးကိစ္စတွေက စုံတွဲတွေကြားထဲမှာ ခဏခဏ ဖြစ်တတ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် မကျေနပ်တဲ့ကိစ္စတွေကို ထုတ်ပြောလိုက်တာက အရာအားလုံးထက် ပိုပြီးတော့ ရင်ထဲရှင်းသွားစေသည်။ အဲ့ဒါကြောင့် စုံတွဲ‌အနေနဲ့ တစ်ခုခုဆို မျိုသိပ်သည်းခံမနေပဲ တိုက်ရိုက်ရှင်းလိုက်သင့်တာဖြစ်သည်။

ချိုးကျင်းမှာလည်း ထိုသို့သာထင်ခဲ့ပေမယ့် သူပြောလိုက်တဲ့စကားတွေက အနည်းငယ်လွန်သွားတာကို နားလည်လေသည်။ ကျိရှန်းရှောင်ရဲ့ မျက်နှာထားက အရင်ကလောက် မအေးစက်တော့ပေမယ့် အဆင်ပြေနေတာမျိုးလည်း မဟုတ်ပေ။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now