Chapter - 1

9.8K 928 63
                                    

|| Unicode ||

"အရှက်မရှိလိုက်တာ!"

ချိုးကျင်းတစ်ယောက် ရေထဲသို့ ပြုတ်ကျသွားတဲ့အချိန်ထဲမှာပဲ တစ်ဖက်မှ ဒေါသတကြီးနဲ့ ပြောလာသည့် ယောင်္ကျားလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသည်။

သူ့အနေနဲ့ အကူအညီ ခေါ်ချင်ခဲ့ပေမယ့်လည်း သူ့ရဲ့လည်ချောင်းကနေ ရေမွန်းနေတဲ့အသံကလွဲရင် ထွက်မလာခဲ့ပေ။ သူ... ရေမွန်းကာ ‌မူးမေ့သွားတော့မည့် အချိန်မှာပဲ သူ့ရဲ့အရှေ့မှာ အနက်ရောင် အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။

ချိုးကျင်းမှာ ထိုအရိပ်အား သူအသက်ရှင်နိုင်ဖို့အတွက် ကျန်ရှိနေသေးသည့် နောက်ဆုံးကောက်ရိုးမျှင်တစ်ခုသဖွယ် ဖမ်းဆုပ်လိုက်တဲ့အခါမှာတော့ ချိုးကျင်းတစ်ယောက် နောက်ဆုံးတော့ ချိုးကျင်းတစ်ယောက် ရေပေါ်သို့ ထွက်လာနိုင်တော့သည်။ အနက်ရောင်အရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီး ပန်းရောင်သန်းကာ နူးညံ့နေသည့် အရာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ပန်းရောင်ဆင်လေး.... မဟုတ်သေးဘူး..... ပန်းရောင်ဆင်ကြီးက ဒီလိုအတွေ့အကြုံမျိုး တစ်ခါမှ မရှိဖူးသလို ချိုးကျင်းရဲ့မျက်နှာကို ထိုးနေလေသည်။

ဒါကြီးက ဘာကြီးလဲ? လူ့ခန္ဓာကိုယ်ကို ထိတွေ့နေရသလိုပဲ! သူ..... ရေမွန်းပြီး စိတ်ကယောက်ချောက်ချားတွေများ ဖြစ်နေတာလဲ?

ချိုးကျင်းတစ်ယောက် အရာအားလုံးကို နားမလည်တော့ဟန် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တော့သည်။

"ထွက်သွားစမ်း!"

အကြမ်းဖက်လိုသည့် အသံတစ်သံက သူ့ခေါင်းပေါ်ကနေ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်ထဲမှာလဲ ခြေထောက်တစ်ချောင်းကလည်း သူ့ရဲ့ရင်ဘတ်ကို ကန်လာခဲ့သည်။

နာကျင်မှုက သူ့ရဲ့တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားတာကြောင့် ချိုးကျင်းမှာ အမှန်အကန်ပင် ခံစားနေရလေပြီ။

"မင်းက ငါ့ကိုကန်တယ်! မင်းကဘာလို့...... ဂလူး..... ဂလူး......."

[T/N: ဂလူး.... ဂလူး.... ဆိုတာက ရေ‌နစ်တဲ့အခါ ထွက်လာတဲ့ အသံမျိုးကို သရုပ်ပေါ်အောင် ရေးထားတာပါ]

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now