Chapter - 39

4.7K 772 19
                                    

|| Unicode ||

"မင်းဘယ်သွားနေတာလဲ?"

ယန်းချီမှာ ချိုးကျင်းအား အချိန်အတော်ကြာ လိုက်ရှာနေခဲ့ရတာဖြစ်သည်။

"ညစာစားပွဲက စတော့မယ်!"

ချိုးကျင်း : "ဖန်တွေကို သွားတွေ့တာပါ!"

"ဒီအတိုင်းတိုက်ရိုက်ကြီး သွားတွေ့တာလား?"

ယန်းချီက တံခါးပေါက်နားကို ကြည့်နေရင်း စိတ်မသက်မသာဖြစ်နေသောပုံစံဖြင့် ထပ်ပြောလာခဲ့သည်။

"အပြင်မှာ လူတွေကအများကြီးပဲ! ပြီးတော့ ရှန်းရှီရဲ့ဖန်တွေကလည်း ရှိနေတယ်လေ! သူတို့တွေက မင်းကို နောက်တစ်ခေါက် ရေဘူးနဲ့ ထပ်ပစ်လာရင် ဘယ်လိုလုပ်မလဲ?"

ချိုးကျင်းကတော့ ထိုကိစ္စအား လုံးဝဂရုမစိုက်ခဲ့ပေ။

"သူတို့တွေက အဝေးကြီးကနေတောင် လာပြီးတော့ ကျွန်တော့်ကို အားပေးနေကြတာလေ! ပြီးတော့ အရာအားလုံးက အဆင်ပြေပါတယ်!"

ယန်းချီက ခဏတော့ရပ်တန့်သွား‌ခဲ့ပေမယ့် ဘာစကားမှတော့ ထပ်မပြောလာခဲ့ပေ။

ချိုးကျင်းတစ်ယောက် ဝင်လာတဲ့အချိန်မှာ ညစာစားပွဲက စတင်နေခဲ့ပြီဖြစ်သည်။ ချိုးကျင်းက သူ့ခန္ဓာကိုယ်ကို ဆက်ပြီးထိန်းထားချင်နေတာကြောင့် သူကပန်းကန်ပြားတစ်ချပ်ကို ယူလိုက်ပြီး ကယ်လိုရီနည်းကာ၊ အဆီနည်းသည့် အရွက်သုပ်ကိုသာ ထည့်ခဲ့တော့သည်။

အခုဆိုရင် သူက ရိုက်ကူးရေးအဖွဲ့သားတွေ၊ ပါဝင်သရုပ်ဆောင်မယ့်လူတွေ တော်တော်များများနဲ့ ရင်းနှီး‌နေပြီဖြစ်တာကြောင့် ဘယ်သူနဲ့မဆို စကားစမည်ပြောနိုင်နေပြီဖြစ်သည်။

ရှန်းရှီက ချိုးကျင်းအားဝင်လာကတည်းက ကြည့်နေခဲ့တာဖြစ်သည်။ တစ်ဖက်လူက ရင်းနှီးမြုပ်နှံသူတွေ၊ ဒါရိုက်တာ၊ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ဝိုင်ခွက်ချင်းတိုက်ကာ စကားပြောနေခဲ့သည်။ အတူတူပါဝင်ရိုက်ကူးမယ့် သရုပ်ဆောင်တွေကိုတောင်မှ လိုက်နှုတ်ဆက်ကာ စကားပြောနေခဲ့ပေမယ့် သူ့ကိုတော့ တစ်ချက်မှကြည့်မလာခဲ့ပေ။

အဓိကဇာတ်ကောင်အမျိုးသမီး ဖန်လင်းက ရှန်းရှီအနားကို ရောက်လာကာ ဝိုင်ခွက်ချင်းတိုက်ပြီး စကားပြောလာခဲ့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now