Chapter - 47

4.6K 724 41
                                    

|| Unicode ||

ဇာတ်လမ်းမိတ်ဆက်ဗီဒီယို ထွက်လာပြီးတဲ့နောက်မှာ လူတွေက ချိုးကျင်းရဲ့သရုပ်ဆောက်သည့် အရည်အချင်နဲ့ပတ်သက်ပြီး ဘာမှမပြောရဲတော့ပဲ ချိုးကျင်းအား သူတို့ဇာတ်ကားတွင် ခေါ်ရိုက်ချင်သည့်လူတွေတောင် များလာခဲ့သည်။

"ကောရယ်.... အဲ့လောက်ထိ ချဲ့ကားပြောမနေပါနဲ့!"

ချိုးကျင်းမှာ ရေချိုးပြီးကာစတွင် ယန်းချီဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့လေသည်။ သူက စိုစွတ်နေတဲ့ ဆံပင်‌တွေကို လက်နဲ့ခါနေရင်း စိတ်အခြေအနေကောင်းနေပုံရသည်။

"ဘာလို့ ငါကမင်းကို လိမ်ရမှာလဲ?"

ယန်းချီမှာတော့ စိတ်လှုပ်ရှားနေသည်ကို မရပ်နိုင်ခဲ့ပေ။

"မင်းဆီကို အလုပ်လာအပ်တဲ့လူတွေ နောက်ထပ်တောင် အများကြီးကျန်သေးတယ်!"

"တကယ်လို့ ဇာတ်လမ်းတွေ လာအပ်ခဲ့ရင် ကောက ကျွန်တော့်အတွက် အရင်ရှာထားပေးပေါ့!"

ချိုးကျင်းက ခေါင်းသုတ်နေရင်း ဆက်ပြောလာခဲ့သည်။

"အရမ်းကြီးလည်း စီးပွားရေးမဆန်နဲ့ပေါ့!"

အခုချိန်ဟာ သူ့ရဲ့အောင်မြင်မှုကို ပိုပြီးတော့ အရှိန်မြင့်အောင် လုပ်ရမယ့်အချိန်ဖြစ်သည်။ ပြီးတော့ သူ့အနေနဲ့ အဆင့်အတန်းမြင့်တဲ့ အလုပ်တွေကိုပဲ ရွေးချယ်သင့်နေပြီပင်.......

ယန်းချီကတော့ သူ့ထက်တောင် ပိုပြီးတော့ စိတ်လှုပ်ရှားတက်ကြွနေကာ ရင်ဘတ်ကိုပုတ်ရင်း စိတ်ချဖို့ရန် အာမခံလာခဲ့သည်။

"မင်းစိတ်ချထားလိုက်! ငါက မင်းအတွက် နာမည်ကြီးစေမယ့် အလုပ်မျိုးကို ရှာပေးထားမယ်!"

ချိုးကျင်းက ရေတစ်ငုံသောက်လိုက်ရင်း မေးလာခဲ့သည်။

"ဟုတ်ပါပြီ! အခုရော ဘယ်လိုအလုပ်တွေ လာအပ်ထားတာရှိလဲ?"

"ရေမွှေးကြော်ငြာတစ်ခုတော့ ရှိတယ်! အဲ့ဒါက ဆိုးတော့မဆိုးဘူး! ဥရောပအလှကုန်ဘရန်းတစ်ခုက ဒီတစ်ခေါက်အတွက် သဘာဝဆန်တဲ့ အငွေ့အသက်နဲ့ ရေမွှေးမျိုး ဖြန့်မှာလို့ပြောတယ်! မင်းက ဟိုတလောတုန်းကမှ အယ်လ်ဖာကနေ အိုမီဂါအဖြစ် ပြောင်းသွားတာမဟုတ်လား? အဲ့ဒီ့တော့ သူတို့တွေက ဒီတစ်ခေါက် သူတို့ထုတ်လုပ်မယ့်ပုံစံသစ်နဲ့ ကိုက်ညီမှုရှိမယ်လို့ထင်ပြီး ကမ်းလှမ်းလာတာတဲ့!"

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now