Chapter -20

5.4K 822 41
                                    

|| Unicode ||

'ကမ္ဘာကြီးရဲ့ နိဒါန်းနဲ့နိဂုံး'ဆိုသော ရုပ်ရှင်မှာ ဂန္တဝင်တွင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်သည်။ ထိုရုပ်ရှင်က ၇၇၀-၄၇၆ဘီစီကာလ နွေဦးရာသီနှင့် ဆောင်းဦးရာသီကြားတွင် ဖြစ်ပေါ်ခဲ့သော ဆူပူအုံကြွမှုကို အခြေခံရိုက်ထားတာဖြစ်သည်။ ဒီဇာတ်လမ်းရဲ့ ကျောရိုးအရ ဇာတ်လမ်းကို အပိုင်းနှစ်ပိုင်းနှင့် ရေးသားထားတာဖြစ်ပြီး ပထမတစ်ပိုင်းမှာ နိုင်ငံအသီးသီးရဲ့ အာဏာယှဉ်ပြိုင်မှုကို ရေးထားတာဖြစ်ပြီး နောက်တစ်ပိုင်းကတော့ လူသားဆန်မှုနှင့် ရက်စက်ယုတ်မာမှုကြားက ကွာဟချက်ကို ထင်ရှားမြင်သာအောင် ရေးပြထားလေသည်။

ချိုးကျင်းတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါမှာ မူရင်းဝတ္ထုတစ်ပုဒ်လုံးကို တစ်ထိုင်တည်း ဖတ်ခဲ့တော့သည်။ ဇာတ်လမ်းရဲ့ တည်ဆောက်မှုက ကြီးကျယ်ပြီးတော့ စိတ်လှုပ်ရှားဖို့လည်း ကောင်းလေသည်။ ဇာတ်လမ်းတစ်လျှောက် ဇာတ်ကွက် လှည့်စားမှုတွေက များစွာရှိနေခဲ့ပြီး ထိုအရာကြောင့်ပဲ များပြားလှသော လုပ်ရပ်တွေ အဖြစ်အပျက်တွေကို ဖြစ်ပွားစေခဲ့သည်။ ဒီဇာတ်လမ်းက အသည်းတယားယား၊ သည်းထိတ်ရင်ဖိုဖြစ်စေသည့် ရသမြောက်အောင် ရေးသားထားသည်။ ဇာတ်လမ်း အဓိကအကြောင်းအရာကတော့ လူ‌သားတွေကြားထဲက လူသားဆန်မှုနှင့် တိုင်းပြည်အပေါ်ချစ်သည့် မျိုးချစ်စိတ်ကို အဓိကပေါ်လွင်အောင် ဖော်ပြထားခြင်းဖြစ်သည်။

ဇာတ်လမ်းကိုယ်တိုင်ကိုက ကြည့်ရှုသူပရိသတ်တွေအတွက် စိတ်လှုပ်ရှားစွာနှင့် ကြည့်ရမည့် ဇာတ်လမ်းမျိုးဖြစ်သည်။ အကယ်၍ အဲ့ဒီ့နေရာမှာ ဇာတ်ကောင်ကို သရုပ်ဆောင်မယ့် အနုပညာရှင်တွေနှင့် ရိုက်ကူးရေးအဖွဲ့သားတွေက ရိုက်ကူးရေးအပေါ် ပိုပြီးတော့ အားစိုက်ထုတ်လိုက်မယ်ဆိုရင် ဒီဇာတ်ကားမှာ သမိုင်းဝင်ဇာတ်ကားကောင်းတစ်ကား ဖြစ်သွားမှာ အသေအချာပင်။

ထိုအကြောင်းတွေကို တွေးမိလိုက်တာနဲ့ ချိုးကျင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်စွာ ထိုဇာတ်ကားမှာ ပါဝင်ချင်စိတ်တွေက ပြင်းထန်လာတော့သည်။

နောက်ထပ်သုံးရက် ကြာပြီးတဲ့နောက်မှာတော့ လွီဝေ့က သူ့ကို ရုပ်ရှင်နှင့်တီဗီအစီအစဉ်ရိုက်ကူးရေး ကုမ္ပဏီတစ်ခုမှာ ပြုလုပ်မယ့် လူရွေးပွဲကို လိုက်ပို့ဖို့ ရောက်လာတော့သည်။ ချိုးကျင်းတစ်ယောက် ကားတံခါးဖွင့်လိုက်တဲ့အခါမှာ ယန်းချီကလည်း ကားထဲမှာ ပါလာတာကို တွေ့လိုက်ရသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now