Chapter -16

5.1K 810 8
                                    

|| Unicode ||

ချိုးကျင်းမှာ ကျိရှန်းရှောင်ရဲ့ အဆိပ်သင့်နေတဲ့ ပါးစပ်ကြောင့် ဒေါသထွက်လွန်းလို့ ရေချိုးနေရင်းနှင့်ပင် ကျိရှန်းရှောင်ကို ဆက်တိုက် မေတ္တာ‌ပို့နေမိတော့သည်။

သူ... တံခါးဖွင့်လိုက်တဲ့အချိန်မှာပဲ တံခါးဝတွင် ကျိရှန်းရှောင်က ရှိနေလေသည်။

ချိူကျင်းမှာ ပိုပြီးတော့တောင် ဒေါသထွက်လာကာ အသံမာမာထန်ထန်ဖြင့် စကားပြောလာတော့သည်။

"ခင်ဗျား... ဘယ်တွေ လိုက်ကြည့်‌နေတာလဲ?"

တစ်ဖက်လူက သူ့ရဲ့ခန္ဓာကိုယ်ကို အချိန်တခဏကြာသည်အထိ စိုက်ကြည့်နေခဲ့ကာ ပြီးနောက်မှာတော့ တည်ငြိမ်နေသောအသံဖြင့် ပြောလာခဲ့သည်။

"မင်းအတွက်!"

"ဒါက ဘာကြီးလဲ?"

ကျိရှန်းရှောင်က သူ့အား ဖယ်ရိုမုန်းတားပေးတဲ့ စပရေးဘူးလေးကို ပေးလာခဲ့သည်။ အယ်လ်ဖာတွေက များသောအားဖြင့် ဒီလိုမျိုး အသုံးမပြုကြပေ။ ဈေးကွက်ထဲမှာရှိတဲ့ ဖယ်ရိုမုန်းတာဆေးတွေက အိုမီဂါတွေအတွက်သာ ထုတ်ထားတာက များနေသည်။ ကျိရှန်းရှောင်တစ်ယောက် သူ့ဆီကို ဒါတွေ လာပေးရတဲ့ အကြောင်းအရင်းကို ချိုးကျင်းမှာ နားလည်တာကြောင့် ဒေါသပိုထွက်လာတော့သည်။

"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ?"

ကျိရှန်းရှောင်ရဲ့ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးနေခဲ့ပြီး တစ်ဖက်လူက သူပြောတာကို လက်မခံချင်သည့်ပုံ ပေါက်နေတာကြောင့် စိတ်အလိုမကျဖြစ်လာကာ ဖိနှိပ်လိုသောအသံဖြင့် ပြောလိုက်တော့သည်။

"နည်းနည်းလောက် မင်းအနံ့တွေကို ဖုံးထားလိုက်ဦး! မင်းရဲ့ဖယ်ရိုမုန်းအနံ့က ဘယ်လောက်တောင် ပြင်းတယ်ဆိုတာကို သိရဲ့လား?"

ချိုးကျင်းမှာ အခုဆိုရင် ကျိရှန်းရှောင်က ဒီစ‌ပရေးဘူးကို သူ့ကိုရန်စချင်လို့ ပေးနေတယ် ဆိုတာက ပိုပြီးတော့တောင် သေချာလာတော့သည်။ ပြီးတော့ သူက အနံ့တားပေးတဲ့ လက်ပတ်လည်း ပတ်ထားသေးတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက အယ်လ်ဖာတွေလေ! ဘယ်လိုလုပ် တစ်ယောက်အနံ့ တစ်ယောက် မခံနိုင်လောက်တဲ့အထိ ပြင်းမှာလဲ? သူက heatဝင်နေတဲ့ အိုမီဂါတစ်ယောက်လည်း မဟုတ်ဘူးလေ!

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Kde žijí příběhy. Začni objevovat