Chapter - 27

5K 778 37
                                    

|| Unicode ||

ယာယီအမှတ်အသား လုပ်ပြီးသွားတဲ့နောက်မှာတော့ ကားအတွင်းရှိ လေထုမှာ တော်တော်လေးကို ငြိမ်သက်တိတ်ဆိတ်နေလေသည်။

ကျိရှန်းရှောင်က သူ့အရှေ့မှာရှိနေတဲ့ လူငယ်လေးကို ကြည့်လိုက်တော့သည်။ တစ်ဖက်သူရဲ့ မျက်ဝန်း‌တွေက စိုစွတ်ကာ တောက်ပနေခဲ့ပြီး သူ့ရဲ့မျက်နှာမှာလည်း ပန်းရောင်သန်းကာ ဆွဲဆောင်နိုင်စွမ်း အားကောင်းလှလေသည်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီက အခုတော့ မသပ်မရပ်ဖြစ်နေကာ သူ့ရဲ့အသက်ရှူနှုန်းကလည်း မြန်ဆန်နေလေသည်။ တစ်ဖက်လူရဲ့ အခုလက်ရှိ အခြေအနေမှာ လုံးဝကို သတိလက်လွတ် ကာကွယ်မှုမဲ့နေသော အနေအထားပင်။

ယာယီအမှတ်အသား ဆိုတာက အယ်လ်ဖာတစ်ယောက်ကို စိတ်တက်ကြွလာအောင် လုပ်ပေးနိုင်ခြေ အရမ်းနည်းလှသည်။ သူက တစ်ဖက်အိုမီဂါရဲ့ ချိုမြမှုကို အရသာခံရုံသာဖြစ်ပြီး ထိုမွှေးရနံ့က သူ့အား အထိန်းအချုပ် ကင်းမဲ့နေအောင်‌တော့ မလုပ်နိုင်ခဲ့ပေ။

ဒါပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ်အတွင်းရှိ တစ်ဖက်လူကို ပိုင်ဆိုင်လိုစိတ်မှာတော့ တားမရစွာ တရိပ်ရိပ် တက်လာနေခဲ့သည်။ ကျိရှန်းရှောင်တစ်ယောက် နဖူးကို လက်ဖြင့် ထိလိုက်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ ဒေါသ‌တွေကို ထိန်းချုပ်လိုက်တော့သည်။

ယာယီအမှတ်အသား ပေးတုန်းက သူကိုယ်တိုင်လည်း တစ်စုံတစ်ခုရဲ့ လှုံ့ဆော်မှုအောက် ရောက်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ပုံမှန်ပုံစံနှင့် လုံးဝကွဲထွက်နေခဲ့လေသည်။

ပြီးတော့ ယာယီအမှတ်အသားပေးခြင်းရဲ့ အကျိုးသက်ရောက်မှုမှာ အပြန်အလှန်ပင်ဖြစ်သည်။ သူရဲ့ဖယ်ရိုမုန်းက ချိုးကျင်းရဲ့ ပူလောင်မှုကို သက်သာစေသလို ချိူကျင်းရဲ့ ဖယ်ရိုမုန်းကလည်း သူ့အပေါ် လွှမ်းမိုးမှု ရှိလေသည်။

ဒါက သူတို့ရဲ့ ဒုတိယအကြိမ်မြောက် ယာယီအမှတ်အသားပေးခြင်းပင်။ တစ်ကယ်လို့ အနာဂတ်မှာ ဒီလိုပဲ ဆက်တိုက်လုပ်နေရမယ်ဆိုရင် သူကိုယ်တိုင်လည်း တစ်ဖက်လူရဲ့ ဖယ်ရိုမုန်းကိုရရင် အခုလိုမျိုး တည်ငြိမ်နိုင်ပါ့မလားဆိုတာကို အာမမခံနိုင်ပေ......

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now