Chapter - 17

5.3K 820 46
                                    

|| Unicode ||

အဲ့ဒီ့နေ့ရဲ့ မနက်ခင်းမှာပဲ အနက်ရောင် ကားတစ်စီးက ဟွားရီလုပ်ငန်းစုအပိုင် ပုဂ္ဂလိကဆေးရုံတစ်ခုဆီ မောင်းနှင်လာခဲ့သည်။ ကားပါကင်နေရာမှာတော့ သူတို့ကို ဆရာဝန်တွေက အဆင်သင့် စောင့်နေခဲ့ပြီး သူတို့ရောက်တာနဲ့ သူတို့ကို ရုံးခန်းဆီ ခေါ်သွားကြတော့သည်။

ဆရာဝန်ရဲ့နာမည်မှာ ကုယွီဖြစ်ပြီးတော့ ဘီတာတစ်ယောက်ဖြစ်ကာ ဖယ်ရိုမုန်းအထူးပြုဆရာဝန်တစ်ယောက်ပင်။ သူက ကျိရှန်းရှောင်ရဲ့ ပင်တိုင်ဆရာဝန်လည်းဖြစ်သည်။

ချိုးကျင်းက သူ့ရဲ့လက္ခဏာတွေကို ပြောပြလာတဲ့အခါမှာတော့ ထိုဆရာဝန်က နူးညံ့သောအပြုံးလေး ပြုံးပြကာ ပြောလာခဲ့သည်။

"စိတ်မပူပါနဲ့! ABOအမျိုးအစား ပြောင်းသွားတတ်တာက တော်တော်လေး ရှားပါးပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ခဲ့ဘူးလေ!"

ချိုးကျင်းက တစ်ဖက်လူရဲ့ လက်ခံပေမယ့် သူ့ရဲ့စိတ်အခြေအ‌နေကတော့ ကောင်းမနေခဲ့ပေ။ တစ်ကယ်လို့ သူ့ရဲ့အရင်အိုမီဂါဘဝကလို သူ့ရဲ့ဖယ်ရိုမုန်းက သူများတွေကို ထိခိုက်စေခဲ့ရင် ဘယ်လိုလုပ်မလဲ?

"ဒေါက်တာ အကယ်၍များ ကျွန်တော်....."

"ဟင်? ဘာဖြစ်လို့လဲ?"

"တစ်ကယ်လို့ ကျွန်တော်က တစ်ကယ်ကြီး အိုမီဂါလို့ အဖြေထွက်လာပြီးတော့....."

ချိုးကျင်းမှာ တစ်ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီးနောက်မှာတော့ သူက သူပြောချင်တာကို တိုက်ရိုက်မပြောပဲ သွယ်ဝိုက်ကာ ပြောလာတော့သည်။

"ကျွန်တော် heatဝင်တဲ့ ကျွန်တော့်အနားမှာရှိတဲ့ အခြား‌လူတွေကိုရော ထိခိုက်စေခဲ့ရင်ရော.... အဲ့ဒါကရော ပုံမှန်ပဲလား?!"

"မင်း‌ပြောချင်တာက........ မင်းရဲ့ဖယ်ရိုမုန်းက တခြားလူတွေရဲ့ heatတွေ rutတွေ ဖြစ်ပေါ်လာစေနိုင်လားလို့ မေးချင်တာလား?"

ချိုးကျင်းက အလျင်အမြန်ပင် ခေါင်းညိမ့်ပြလာခဲ့သည်။

"ပုံမှန်ဆို... အိုမီဂါတစ်ယောက် heatဝင်လာရင် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူ‌တွေဆီ အနည်းနဲ့အများတော့ သက်ရောက်မှု ရှိတာပဲလေ! ဒါပေမယ့် မင်းရဲ့ဖယ်ရိုမုန်းတွေက အဲ့ဒီ့ထက် ပိုသက်ရောက်မယ်ဆိုရင်တော့.... ဒါပေမယ့် ဘာမှတော့ မဖြစ်ပါဘူး! နိုင်ငံခြားမှာလည်း အဲ့လိုပြဿနာမျိုးတွေ ရှိခဲ့ဖူးတာပဲဆိုတော့ ငါတို့တွေ ထိန်းချုပ်နိုင်မှာပါ! အခုလောလောဆယ်တော့ ဖြည့်စရာဖောင်တစ်ခု မင်းကိုပေးလိုက်မယ်! ဘာမှမတွေးထားပဲ ငါတို့ စစ်ဆေးစရာရှိတာတွေ အရင်စစ်ဆေးကြတာပေါ့!"

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now