Chapter - 50

4.9K 750 43
                                    

|| Unicode ||

နောက်တစ်နေ့ ချိုးကျင်းတစ်ယောက် ကျိရှန်းရှောင်ဆီကနေ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိတဲ့အချိန်မှာ ရှန်းရှီက သူ့အခန်းထဲ ရောက်နေခဲ့တာဖြစ်သည်။

နေ့လည်ခင်းမှာ ရှန်းရှီက ကဲ့ရဲ့ပြစ်တင်ရှုံ့ချခံရတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးခဲ့လေသည်။ ဇာတ်ဝင်ခန်းရဲ့ ဇာတ်လမ်းအကျဉ်းချုံးမှာတော့ ကျိတုန်ကွမ်းတစ်ယောက် အန်းတိုင်းပြည်ကို ပြန်ရောက်လာခဲ့ပြီး အဖြစ်အပျက်တွေကို ရှင်းပြပေမယ့်လည်း တစ်ယောက်ကမှ မယုံကြည်ကြပေ။

သူ့ရဲ့တာဝန်မှာ အန်းတိုင်းပြည်ရယ်၊ မန်ချူးဒေသလို့လည်း ခေါ်လို့ရသလို တုန်းဝူပြည်ထောင်စုလို့လည်း ခေါ်လို့ရတဲ့ ဧကရာဇ်ကျန်းကျဲ့တို့ အတူတူပေါင်းစည်းလာအောင် လုပ်ပေးရမှာဖြစ်သည်။

ဒါပေမယ့် ရှန်းရှီက ကောင်းကောင်းသရုပ်ဆောင်မပြနိုင်တာကြောင့် ယီကုံချင်းက ရလာတဲ့ဇာတ်ဝင်ခန်း‌တွေနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိမနေခဲ့ပေ။ အဲ့ဒါကြောင့် သူက ရှန်းရှီကို ဒီဇာတ်ဝင်ခန်းနဲ့ သင့်တော်တဲ့ခံစားချက်မျိုး ရလာအောင် အဖြေရှာခိုင်းကာ ဒီနေ့တော့ အနားယူလိုက်ဖို့ ပြောခဲ့သည်။

ရှန်းရှီမှာလည်း ဘာမှမစဉ်းစားတတ်တော့တာကြောင့် ချိုးကျင်းဆီကိုသာ သွားခဲ့တော့သည်။

ချိုးကျင်းမှာ ခုနလေးတင်မှ ရေချိုးပြီးသွားတာဖြစ်ပြီး ရုတ်တရက် ရှန်းရှီကိုတွေ့လိုက်ရတာကြောင့် အနည်းငယ် ကြောင်အနေခဲ့သည်။

"တစ်ခုခုဖြစ်လို့လား?"

ရှန်းရှီက တံခါးလက်ကိုင်ကိုသာ စောင့်ကြည့်နေခဲ့ပြီး........

"ငါ.... မင်းကို မေးချင်တာလေးရှိလို့!"

ချိုးကျင်းက ကော်ရစ်တာတစ်လျှောက်ကို ဘေးဘီဝဲယာကြည့်လိုက်ပြီး ဘယ်သူ့ကိုမှ မတွေ့တော့မှ အနောက်ဆုတ်ကာ တစ်ဖက်လူကို ဝင်ခွင့်ပေးလိုက်တော့သည်။

ရှန်းရှီ : "မင်းစိတ်ချထားလို့ ရပါတယ်! ငါ..... ဒီကိုလာတာ ဘယ်သူမှမသိဘူး!"

ချိုးကျင်းက ရေဘူးတစ်ဘူးကမ်းပေးလာကာ တစ်ဖက်လူအား လာရင်းအကြောင်းအရာကို မေးလိုက်တော့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now