Chapter - 38

5K 764 11
                                    

|| Unicode ||

ချိုးကျင်းမှာ အခန်းပြန်ဖို့အတွက် တံခါးနားအထိ တုန်တုန်ရီရီနဲ့ လျှောက်သွားခဲ့ပြီး တံခါးနားရောက်ခါနီးလေးမှာပဲ ကျိရှန်းရှောင်က တစ်ခုပြောလာတာကို ကြားလိုက်ရသည်။

"မနက်ဖြန် ကိုယ်နဲ့အတူသွားမယ်!"

ချိုးကျင်းက ဒီတစ်ကြိမ်မှာတော့ မငြင်းဆိုတော့ပဲ သတိပေးလာခဲ့သည်။

"ကျွန်တော်က ပွဲကိုနှစ်နာရီ ကြိုရောက်ဖို့လိုတယ်! မိတ်ကပ်နဲ့ အင်္ကျီပြင်ဆင်ဖို့ လိုအပ်တယ်လေ!"

                    •••••••••••

ဇာတ်လမ်းမိတ်ဆက်ပွဲနေ့မှာ အနုပညာရှင်အားလုံးက ဇာတ်ကောင်နဲ့အညီ ဝတ်ဆင်ပြဖို့ လိုအပ်လေသည်။ ချိုးကျင်းက ကျိဟယ်ဇာတ်ကောင်အနေနဲ့ ဝတ်ဆင်ရမှာ ဖြစ်တာကြောင့် သိပ်တော့ဒုက္ခမရှိပေမယ့် အနုပညာရှင်တွေမှာ ရာချီရှိနေတာဖြစ်ပြီး မိတ်ကပ်ဆရာတွေကလည်း မိတ်ကပ်ပြင်ပေးရမယ့် အနုပညာရှင်မှာ အများကြီးဖြစ်နေမှာပင်........

အဓိကသရုပ်ဆောင်တွေက နောက်ကျမှလာကြမှာဖြစ်ပြီး သူတို့လို အရံသရုပ်ဆောင်တွေက စောစောရောက်ကာ ပြင်ဆင်သင့်လေသည်......

ဇာတ်လမ်းမိတ်ဆက်ပွဲ ကျင်းပမယ့်နေရာမှာ red carpetလျှောက်ရမှာမျိုးမရှိပေ။ ပွဲလက်မှတ်ကိုလည်း အများကြီးမလုပ်ထားပဲ ပရိုဂျူဆာ‌တွေ၊ မီဒီယာတွေလောက်ကိုသာ ပါဝင်ဖို့ဖိတ်ခေါ်ထားတာဖြစ်သည်။ ဖန်တွေက သူတို့တွေ အထဲကိုဝင်လို့မရနိုင်တဲ့ သတင်းကိုကြားခဲ့ပေမယ့် သူတို့တွေက အဆောက်အဦး‌အရှေ့မှာ ဆောင့်ကြောင့်ထိုင်ကာ သူတို့ရဲ့အချစ်လေးတွေကို တွေ့လိုတွေ့ငြား မျှော်လင့်စောင့်စားနေခဲ့ကြသည်။

နေ့လည်တစ်နာရီဆိုသည့်အချိန်ဟာ နေကျစ်ကျစ်တောက် ပူနေသည့်အချိန်ပင်ဖြစ်သည်။ ဒါပေမယ့်လည်း ဖန်တွေက စိတ်အလိုမကျမှုနည်းနည်းလေးတောင်မရှိပဲ သူတို့တွေက ထီးအောက်ကနေ ပျှော်ရွှင်စိတ်လှုပ်ရှားနေသော မျက်ဝန်းအစုံတို့ဖြင့်သာ အဆောက်အဦးရဲ့အပေါက်ဝကို စောင့်ကြည့်နေကြတော့သည်။

ချိုးကျင်းကတော့ ကားပေါ်ကနေ ဆင်းလာပြီးသည်နှင့် အပြင်ဘက်ရှိနေအပူချိန်ကို နည်းနည်းလေးတောင် မခံစားခဲ့ရပေ။ ဘာလို့ဆို ယန်းချီနဲ့ လွီဝေ့က ပထမထပ်လော်ဘီမှာ စောင့်နေခဲ့ကြပြီး သူလာတာနဲ့ အပြေးအလွှားလာကြိုပေးခဲ့ကြသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Wo Geschichten leben. Entdecke jetzt