Chapter - 62

4.7K 700 38
                                    

ဆောရီးပါ...ရှောင်ကျူးမနေ့က ရာသိဥတုအေးလာလို့ ရုတ်တရက် အအေးမိသွားလို့ပါ (ᗒᗣᗕ)՞

|| Unicode ||

ချိုးကျင်းကို အရှက်ရအောင် ကြံစည်ခဲ့တဲ့ လေးယောက်မှာလည်း မတ်တပ်တောင် မရပ်နိုင်လောက်သည်အထိ ကြောက်ရွံ့သွားတော့သည်။

ကျန်သောလူတွေကလည်း ထိုလေးယောက်တော့ ကောင်းကောင်းအပြစ်ပေးခံရပြီဟု ထင်နေကြကာ ထိုလေးယောက်ကိုယ်တိုင်ကလည်း သူတို့သေတွင်းသူတို့ တူးမိတာကို သိသွားကြလေသည်။

ဒါပေမယ့် တကယ်တမ်းမှာတော့ ကျိရှန်းရှောင်က သူတို့တွေကို အပြစ်မပေးခဲ့ပေ။ နောက်တစ်နေ့မှာတော့ ဟွားရီလုပ်ငန်းစုကနေ သူတို့လုပ်ငန်းစုလက်အောက်မှ စားသောက်ဆိုင်အားလုံးတွင် အရက်ရောင်းခြင်းကို တားမြင်လိုက်သည့် စည်းကမ်းချက်အသစ်က ထွက်ပေါ်လာကာ အင်တာနက်ပေါ်၊ ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် အတိအလင်း စာထုတ်ကာ ကြော်ငြာခဲ့လေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုစည်းကမ်းကို ချိုးဖောက်ခဲ့ရင် ပြင်းပြင်ထန်ထန် အပြစ်ပေးမည်ဟုလည်း သတိပေးခဲ့သည်။

ဒီတစ်ကြိမ်ပြဿနာက နှစ်ကုန်တွေ့ဆုံပွဲတွင် ဖြစ်သွားတာကြောင့် သတင်းမှာ အပျံ့မြန်ကာ ဟွားရီလုပ်ငန်းစုမှ ဝန်ထမ်းများမှာ ထိုလေးယောက်အကြောင်းကို သိသွားကြတော့သည်။ သူတို့တွေအားလုံးက ထိုလေးယောက်ကိုမြင်တာနဲ့ မကြာခင်အသတ်ခံရမယ့် လူသားတွေလို့သာ သတ်မှတ်ထားကြပြီး အဖက်မလုပ်ကြတော့ပေ။

သူတို့တွေကို ထိန်းသိမ်းပေးနေရတဲ့ ကိုယ်ပိုင်မန်နေဂျာတွေကတောင်မှ သူတို့ကိုသဘောမကျကြပေ။ အနိုင်ကျင့်တယ်ဆိုတာက ကုမ္ပဏီဘက်က သည်းမခံပေးနိုင်ဆုံး စည်းကမ်းချက်တစ်ချက်ပင်ဖြစ်သည်။ ပြီးတော့ ဒီလူတွေက သိသိကြီးနဲ့ အရူးလိုသွားပြီး အနိုင်ကျင့်ခဲ့တယ်လေ? ကိုယ့်ဘာသာကို ကြိုးစားပြီး တိုးတက်အောင် မလုပ်ချင်ပဲ မကောင်းတဲ့နည်းတွေ၊ ယုတ်ညံ့တဲ့နည်းတွေနဲ့ အမြင့်တက်ချင်နေကြတယ်လေ?!

တစ်ဖက်မှာတော့ ဝမ်မော့ကျားက စိတ်သက်သာရာရနေခဲ့သည်။ သူက တစ်ဖက်လူဆီကနေ အကြိမ်ကြိမ် အနိုင်ယူခြင်း ခံထားရသူဖြစ်တာကြောင့် ကိစ္စတွေကိုနားလည်ကာ လူကောင်းတစ်ယောက်ဖြစ်အောင်သာ ကြိုးစားလေ့လာနေခဲ့တော့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now