Chapter - 19

5.3K 801 31
                                    

|| Unicode ||

အိမ်ထဲက လူငယ်တွေမှာလည်း အပြင်က ဆူဆူညံညံအသံကြောင့် ထွက်ကြည့်လာကြတော့သည်။ သူတို့တွေက အိမ်အဝင်ပေါက်မှ ချောမောလှသည့် လူငယ်လေးကို တွေ့လိုက်ရတဲ့အခါမှာတော့ စိတ်ရှုပ်ထွေးနေခဲ့ကြလေသည်။

"ချိုးကျင်းကော?"

ချိုးကျင်းက တစ်ယောက်ပြီး တစ်ယောက်ကို စကားပြန်ပြောရင်း လက်ဆောင်တွေလည်း ဝေပေးလိုက်တော့သည်။ ကလေးတွေက ဝမ်မော့ကျားဆီကနေ ထွက်ခွာသွားကြကာ ကစားရန် ပြေးထွက်သွားခဲ့ကြလေသည်။ ဝမ်မော့ကျားက ဒေါသကြောင့် လက်နှစ်ဖက်လုံးကို လက်သီးဆုပ်မိတော့သည်။

'ဘယ်တုန်းကများ သူမရဲ့ကလေးက ဒီလိုရည်မွန်တဲ့ပုံစံနဲ့ လူငယ်ဖြစ်သွားရတာလဲ?'

အချိန်အတော်ကြာသည်အထိ ကျိုးယင်းမှာ ထိုလူငယ်ဘေးရဲ့အနားကို ကပ်သွားဖို့မရဲခဲ့ပေ။

"မင်း.... မင်းက?"

"မား! ကျွန်တော် အနာဂတ်မှာ ပိုလိမ်မာပါ့မယ်!"

ကျိုးယင်းမှာ အချိန်တစ်ခဏလောက် ကြောင်အနေခဲ့ပေမယ့် သူမက ချိုးကျင်းအား မေးခွန်းတစ်ချို့ဖြင့် စစ်မေးလာတော့သည်။

"မင်း... မင်းက ရှန်းရှီဆိုတဲ့ ကောင်လေးကို မကြိုက်တော့ဘူးလား?"

ချိုးကျင်းရဲ့ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့ပြီး......

"အွန်း.... ကျွန်တော် သူ့ကို မကြိုက်တော့ဘူး!"

ထိုစကားလေးမှာ ကျိုးယင်းအား မျက်ရည်ဝဲလာအောင် လုပ်နိုင်ခဲ့လေသည်။

အိုး.... သူမရဲ့ တော်တဲ့သားလေး ပြန်ရောက်လာခဲ့ပြီပဲ! သူမသားက အရင်ကလို အိုမီဂါ‌တစ်ယောက်ရဲ့ ‌အနောက်ကို တစ်ကောက်ကောင် လိုက်မနေတော့ပဲ အသိတရားပြန်ရလာပြီပဲ!

ကျိုးယင်းမှာ ချက်ချင်းပင် သူမရဲ့ယောင်္ကျားအား ဆွဲခေါ်လိုက်ပြီး ပြောလာခဲ့သည်။

"လူအိုကြီးရေ.... ကျွန်မတို့ရဲ့သားကို မြင်ရဲ့လား?"

ချိုးကျိမင်းမှာလည်း သူ့သားရဲ့ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ပေမယ့်လည်း သူ့ဇနီး၏ စကားအား ပြန်ပြီးတော့ ခေါင်းညိမ့်ပြခဲ့လေသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now