Chapter - 53

4.5K 701 40
                                    

|| Unicode ||

တစ်ညလုံး ကျိရှန်းရှောင်မှာ ချိုးကျင်းအား လေးနာရီခြားတစ်ခါ လုံးဝမပျက်မကွက် ဖုန်းခေါ်ခဲ့လေသည်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူ့ဘက်က ဖုန်းခေါ်ပေမယ့် ချိုးကျင်းဘက်ကနေ သတင်းမကြားရသည်မှာ နှစ်နာရီတောင် ကြာနေပြီဖြစ်သည်။

'တကယ်လို့ heatဝင်လို့ အဲ့ကိစ္စလုပ်နေရင်လည်း ဒီလောက်ကြီးတော့ မကြာဘူးမဟုတ်ဘူးလား?'

ပိတ်ထားသောလိုက်ကာကို ကြည့်နေရင်း ကျိရှန်းရှောင်ရဲ့ မျက်ခုံးအစုံမှာ တွန့်ချိုးလာခဲ့ပြီး ပုံမှန်ထက် ပိုလေးနက်နေခဲ့လေသည်။

သူက ချိုးကျင်းကို နောက်တစ်ခေါက် ဖုန်းခေါ်ကြည့်ခဲ့ပေမယ့် တစ်ဖက်က ဖုန်းမကိုင်လာခဲ့ပေ။

ဖုန်းချပြီးတာနဲ့ ကျိရှန်းရှောင်က ကုယွီဆီဖုန်းဆက်လိုက်ပြီး လိုက်ကာနှင့် အထဲနဲ့အပြင်ဆက်သွယ်လို့ရမယ့် အသံပိတ်စနစ်ကိုပါ ဖွင့်ပေးဖို့ပြောလိုက်တော့သည်။ သီးသန့်ခန်းထဲတွင်တော့ ချိုးကျင်းမှာ ဖရိုဖရဲပုံစံဖြင့် ကြမ်းပြင်ပေါ်မှာ လဲကျနေခဲ့ပြီး ဘယ်လောက်ပဲ ဖုန်းဆက်နေပါစေ... နည်းနည်းလေးတောင် မလှုပ်ရှားလာခဲ့ပေ.....

ဆေးက မအောင်မြင်ဘူးလား?

ကျိရှန်းရှောင်မှာ စိတ်ပူလာတာကြောင့် ကုယွီအား အထဲကိုဝင်ကြည့်ဖို့ ပြောခဲ့တော့သည်။

"အထဲဝင်ပြိး အခြေအနေသွားကြည့်!"

ကုယွီကတော့ အကြောဆန့်နေရင်း.......

"ဒါမျိုးတွေက ဖြစ်တတ်ပါတယ်! ဖိအားအရမ်းများတဲ့အခါမှာ ခန္ဓာကိုယ်က မတောင့်ခံနိုင်တော့ပဲ ခဏတဖြုတ် သတိလစ်သွားတာမျိုးလောက်ပဲ ဖြစ်မှာပါ!"

"‌ဒါပေမယ့် တခြားတစ်ခုခု ဖြစ်နေခဲ့ရင်ရော......."

ကျိရှန်းရှောင်မှာတော့ ကုယွီလောက် စိတ်မအေးနိုင်တာကြောင့် မျက်မှောင်ကျုံ့ရင်း ဆက်ပြောလာခဲ့သည်။

"heatဝင်နေတဲ့အချိန်မှာ ရုတ်တရက် နှလုံးအောင့်လို့ မေ့လဲသွားတာတို့၊ အသက်ရှူကြပ်ပြီး မေ့လဲသွားတတ်တဲ့ကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်! အဲ့ဒီ့လိုမျိုးတွေ ဖြစ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ?"

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now