Chapter - 70

4.6K 659 55
                                    

|| Unicode ||

ကျိရှန်းရှောင်က သူ့ကိုပြုံးရိပ်သန်းနေသော မျက်ဝန်းတစ်စုံဖြင့် ငုံ့ကြည့်လာခဲ့သည်။

"ကိုယ်.... မင်းကို နမ်းချင်လိုက်တာ! ကိုယ့်ကို ခွင့်ပြုပါလား?"

ချိုးကျင်း : ".................."

ခဏနေပါဦး! သူကအခု နမ်းဖို့ကို ခွင့်တောင်းနေတာလား?

သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ထဲထဲဝင်ဝင်ဖြစ်နေပြီကို နမ်းဖို့အတွက် လာခွင့်တောင်းနေတယ်? အဲ့တော့ သူက ငြင်းရမှာလား?

သူ့မှာ တစ်ဖက်လူရဲ့ တောင်းဆိုချက်အား ငြင်းပယ်ဖို့စိတ်ကူး လုံးဝမရှိခဲ့ပေ။ ချိုးကျင်းက ခွင့်ပြုပေးမယ့် အချိန်မှာပဲ ကျိရှန်းရှောင် မျက်ဝန်းအစုံမှာ ကောက်ကျစ်စဉ်းလဲတော့မည့်ပုံ အရိပ်အယောင်လေးကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် ချိုးကျင်းမှာ မတ်တပ်ရပ်ပြီး အပြတ်အသတ် ငြင်းဆိုလိုက်တော့သည်။

"မရဘူး!"

မမျှော်လင့်စွာနဲ့ သူမတ်တပ်ရပ်ပြီးတဲ့နောက်မှာ သူ့ရဲ့ပါးပြင်က ကျိရှန်းရှောင်မှ အုပ်ကိုင်ထားတာကြောင့် နွေးထွေးနေခဲ့ပြီး သူ့ခန္ဓာကိုယ်မှာလည်း ကျိရှန်းရှောင်ရဲ့ ရင်ခွင်တွင်းသို့ ကျရောက်သွားတော့သည်။ တစ်စက္ကန့်တောင် မကြာလိုက်တဲ့ အခြေအနေမှာပဲ တစ်ဖက်လူရဲ့ ပူ‌နွေးနေတဲ့ နှုတ်ခမ်းပါးက သူ့အပေါ်ကို ကျရောက်လာလေသည်။

ချိုးကျင်း : "......................"

လူလိမ်!!!! မရဘူးလို့ ပြောလိုက်တာကို........

ချိုးကျင်းမှာ အစပိုင်းကတော့ ရုန်းကန်‌နေခဲ့ပေမယ့် မကြာခင်မှာပဲ ရင်းနှီးလှတဲ့ အထိအတွေ့ကြောင့် လှုပ်ရှားမှုတွေမှာ ညင်သာသွားကာ တစ်ဖက်လူရဲ့ ခေါ်ဆောင်ရာသို့ လိုက်ပါသွားတော့သည်။

အဆုတ်ထဲကို လေ‌တွေဝင်ရောက်လာတာကြောင့် ချိုးကျင်းရဲ့ မျက်တောင်လေးတွေမှာ တုန်ရီနေခဲ့ပြီး ‌အသက်မြန်မြန်ရှူနေတာကြောင့် မျက်နှာမှာလည်း နီရဲလာလေသည်။

ကျိရှန်းရှောင်က သူ့ကိုခဏတာလွှတ်ပေးလာ‌ခဲ့ပေမယ့် နှုတ်ခမ်းပါးကိုသာ လွှတ်ပေးလာတာဖြစ်ပြီး ခန္ဓာကိုယ်ကိုယ်ကိုတော့ မလွှတ်ပေးခဲ့ပေ။ ကျိရှန်းရှောင်မှာ နဖူးချင်းထိထားကာ နှာခေါင်းထိပ်လေးတွေကိုလည်း ထိကပ်ထားရင်း ပြောလာခဲ့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now