Chapter - 24.2

4.8K 777 14
                                    

|| Unicode ||

ကျန်းဖေးဟုံရဲ့ မွေးနေ့ပွဲကျင်းပရာနေရာမှာ အတော်လေးကို ခေတ်ဆန်လှသည်။ ပွဲကျင်းပရာနေရာမှာ ဖန်ဖြင့်ပြုလုပ်ထား‌သော အဆောက်အဦးဖြစ်တာကြောင့် နေရောင်ထိုးနေလေသည်။ ဒါပေမယ့်လည်း အဆောင်အဦးအနှံ့တပ်ဆင်ထားသော ‌အဲယားကွန်းတွေကြောင့် မွန်းကြပ်နေ‌တဲ့ ခံစားချက်မျိုးတော့ မရခဲ့ပေ။

ထိုနေရာမှာ အတော်လေးကို အနုပညာဆန်လှသည်။ ချိုးကျင်းရောက်လာတဲ့အချိန်မှာတော့ လူတော်တော်များများ ရောက်နေကြပြီဖြစ်သည်။

ဟွားရီမီဒီယာလုပ်ငန်းက အရည်အချင်းသစ်တွေနှင့် နောက်အနာဂတ်မျိုးဆက် အနုပညာရှင်တွေကို မွေးထုတ်ပေးတဲ့နေရာဆိုရင် ဖေးဟုန်မီဒီယာလုပ်ငန်းမှာ များပြားလှသော ရှပ်ရှင်အင်ပါယာမင်းသား၊ မင်းသမီးတွေကို မွေးထုတ်ပေးခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိတဲ့ မီဒီယာပင်ဖြစ်သည်။

ဥက္ကဌကျန်းဖေးဟုံရဲ့ မွေးနေ့ပွဲမှာ အနုပညာလောကတွင်တော့ ကြီးကျယ်ခမ်းနားလှသည့် ပါတီပွဲဖြစ်သည်။ ဘယ်သူတွေက တက်ရောက်ဖို့ ဖိတ်ကြားခံရတယ်၊ မနှစ်က လာပေမယ့် ဒီနှစ်မလာတဲ့သူတွေ၊ ဘယ်သူတွေ နိုင်ငံခြားကနေ ဆုမွန်ကောင်းတောင်းပေးတယ်စသည့် သတင်းတွေမှာတော့ ဒီနေ့အတွက် လူတွေ အာရုံအစိုက်ဆုံးကိစ္စပင်ဖြစ်သည်။

တစ်ချို့ အနုပညာရှင်အသစ်တွေတောင်မှ သူတို့ရဲ့ဆက်နွှယ်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ အခေါ်ခံရခြင်းတို့ကြောင့် ဒီနေ့ပွဲကို တက်ရောက်လာခဲ့ကြသည်။ သူတို့တွေက တစ်ဖက်လူရဲ့ ကျော်ကြားမှုကို ဂုတ်သွေးစုပ်ကာ သူတို့အတွက် နေရာရလာအောင် လုပ်နေတာပင်။

ချိုးကျင်းဝင်လာတဲ့ အချိန်မှာတော့ မီဒီယာတော်တော်များများက လျှောက်လှမ်းဘေးနားတွင် ရပ်စောင့်နေကြပြီဖြစ်သည်။ လန်းဆန်းပြီး တက်ကြွနေပုံပေါ်ကာ နွေးထွေးသောအပြုံးကို ဆင်မြန်းထားတဲ့ ချိုးကျင်းကို မြင်လိုက်ရတဲ့အချိန်မှာ သူ‌တို့တွေက ရုတ်တရက် မမှတ်မိခဲ့ကြပေ။

ဘယ်လိုပဲဖြစ်ဖြစ် လူတွေမြင်ရထားတဲ့ ချိုးကျင်းရဲ့ပုံစံမှာ ဆံပင်ငွေရောင်နဲ့ ဟိုပေါ်ဒီပေါ် အင်္ကျီဝတ်တတ်တဲ့ လူရမ်းကားတစ်ယောက်လို မြင်ထားတာပင်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now