Chapter - 4

5.1K 819 26
                                    

|| Unicode ||

ဒါပေမဲ့လည်း ရှန်းရှီရဲ့လက်ထောက်ဖြစ်သူက နှာ‌ခေါင်းရှုံ့လိုက်ပြီး အေးစက်စွာနဲ့ ပြောလာခဲ့တယ်။

"သူက ဒီအတိုင်း အကြောင်းမသိသေးတဲ့ လူတွေရှေ့မှာ ဟန်ဆောင်ပြနေတာပဲ!"

ဒါက ချိုးကျင်းအမြဲသုံးနေကျ အရှေ့ကို ခြေတစ်လှမ်းတိုးဖို့အတွက် နောက်တစ်လှမ်းဆုတ်တဲ့ လှည့်ကွက်မျိုးပဲ။ သူက သူတို့ကို ဘယ်တော့မှ မနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် တစ်ပတ်လောက် ကြာသွားတာနဲ့ သူက သကြားရည်လိုမျိုး လာကပ်တဲ့အခြေအနေကို ပြန်ရောက်ရှိသွားတတ်သည်။

ရိုက်ကူးရေးအဖွဲ့လည်း လူစုံသွားတဲ့နောက်မှာတော့ သူတို့တွေကို အထဲဝင်ဖို့ သတိပေးလာခဲ့သည်။ ချိုးကျင်းက ရှန်းရှီအား အရင်ဝင်လို့ရအောင် ဘေးတစ်စောင်းနေကာ လမ်းဖယ်ပေးလိုက်ပြီး ရှန်းရှီအနောက်ကနေ လိုက်လာခဲ့တယ်။

ပရိသတ်တွေက သူတို့အိုင်ဒေါတွေ ဝင်လာတာကို မြင်သွားကြပြီး ချက်ချင်းပဲ စိတ်လှုပ်ရှားလာကြကာ အစောင့်တွေကတော့ သူတို့ကို မနည်းတားနေရလေသည်။

ဘယ်သူက ရှေ့ကိုအတင်းတိုးဖို့ လုပ်နေလဲဆိုတာကို မသိပေမယ့် ထိုလုပ်ရပ်ကြောင့်ပဲ တားဆီးနေတဲ့ အစောင့်တစ်‌ယောက်မှာ ယိုင်သွားခဲ့ပြီး ရုတ်တရက် ပခုံးပေါ်မှာ ရိုက်ကူးရေးကိရိယာကိုတင်ကာ ရိုက်ကူးနေရတဲ့ ကင်မရာသမားနဲ့ ခလုတ်တိုက်မိသွားလေသည်။ ကြီးမားတဲ့ကိရိယာကြီးက ကြမ်းပြင်ပေါ်သို့ ကျတော့မလိုတောင် ဖြစ်သွားခဲ့သည်...

"သတိထားဦး!"

ချိုးကျင်းက ချက်ချင်းပဲ ကူညီဖို့လှုပ်ရှားလိုက်သည်။ သူက လဲကျတော့မယ့် ကင်မရာသမားကိုတောင်မှ ကူညီပေးခဲ့တယ်။ မမျှော်လင့်စွာနဲ့ပဲ ဒီလုပ်ရပ်က ရှေ့ကလမ်းလျှောက်နေတဲ့ ရှန်းရှီကို တိုက်မိသွားစေခဲ့တယ်။

ချိုးကျင်းရဲ့ နီးကပ်လာမှုကို ခံစားမိတာနဲ့ ရှန်းရှီတစ်ကိုယ်လုံး တွန့်သွားပြီး အော်ဟစ်လိုက်လေသည်။

"အနားကိုကပ်မလာနဲ့!"

သူ့ရဲ့နတ်သားလိုပုံရိပ် ပြိုကွဲပြီးကတည်းက ရှန်းရှီမှာ သူ့ရဲ့တစ်ကယ့်စိတ်နေစိတ်ထားကို လွတ်လွတ်လပ်လပ် ဖော်ပြလာခဲ့တယ်။ သူက လူတွေရဲ့ ကြမ်းတမ်းတဲ့အပြုအမူတွေကို သည်းခံနေတော့မှာ မဟုတ်ဘူး။ သူ သဘောမကျရင် သူတို့ကို ကျိန်ဆဲပစ်လိုက်မယ်! သူတို့တွေ ဒီဘဝမှာ မွေးဖွားလာတာကို နောင်တရသွားအောင် ဆိုးဆိုးဝါးဝါးကို ကျိန်ဆဲပစ်လိုက်မယ်!

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now