Chapter - 74

3.9K 621 24
                                    

|| Unicode ||

နောက်ရက်သတ္တပတ်တွေမှာလည်း ချိုးကျင်းမှာ ကျိရှန်းရှောင်နဲ့အတူ ပရောဂျက်အသစ် ပြုလုပ်ရတာမှာ တတ်နိုင်သလောက် ဝိုင်းကူညီပေးခဲ့ပြီး အတွေ့အကြုံရစေရန် ကျိရှန်းရှောင်က သူနဲ့အတူ အစည်းအဝေးတွေက်ု လိုက်တက်စေခဲ့သည်။

ထိုအထဲကမှ IBBဆိုသည့် နာမည်ကြီး ရင်းနှီးမြုပ်သူတွေအတွက် ငွေကြေးထိန်းသိမ်းပေးရတဲ့ဘဏ်နဲ့လည်း အစည်းအဝေးတွေ အကြိမ်ကြိမ် ပြလုပ်ကာ တွေ့ဆုံဆွေးနွေးခဲ့ရသည်။

IBBဆိုသော ကုမ္ပဏီမှာ နာမည်ကြီးကာ ဂုဏ်သတင်းရှိသည်နှင့်အတူ စွမ်းဆောင်ရည်ပ်ုင်းဆ်ုင်ရာမှာလည်း အပြစ်ပြောစရာမရှိပေ။ ကျိရှန်းရှောင်နဲ့ တစ်ဖက်ကုမ္ပဏီမှအကြီးအကဲ နှစ်ယောက်စလုံးမှာ အင်အားကြီးကာ ပေါ့သေးသေးလူများ မဟုတ်ကြပေ။ ချိုးကျင်းမှာ အတူတူလိုက်ပြီး အစည်းအဝေးတွေ လိုက်တက်ပြီးတဲ့နောက်မှာ နှစ်ယောက်လုံးကို အတော်လေးကို လေးစားအားကျနေခဲ့လေသည်။

ဒီနေ့‌အတွက် အစည်းအဝေး ပြီးသွားတဲ့အချိန်မှာတော့ ကျိရှန်းရှောင်က နောက်ထပ်အစည်းအဝေးတစ်ခု ရှိသေးတာကြောင့် အလျင်လိုနေခဲ့သည်။ နောက်အစည်းအဝေးအတွက် အချိန်ငါးမိနစ်လောက် နောက်ကျနေပြီဖြစ်တာကြောင့် ကျိရှန်းရှောင်မှာ အလျင်စလို ထွက်သွားတော့သည်။

ချိုးကျင်းကတော့ စာရွက်စာတမ်းတွေကိုသိမ်းရင်း ကျန်နေခဲ့ပြီး ရုတ်တရက် တစ်ဖက်ကုမ္ပဏီမှ အကြီးအကဲက သူ့အနား ချဉ်းကပ်လာတာကို တွေ့လိုက်ရသည်။

ရွှီယီဟန်မှာ IBBကုမ္ပဏီရဲ့ အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူ့ပုံစံမှာ အသက်သုံးဆယ်အရွယ်လောက် ရှိနေပုံပေါ်ပြီး ဒီနေ့အစည်းအ‌ဝေးအတွက် ခဲရောင်ဖျော့ဖျော့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားတာကြောင့် ပညာရှင်ဆန်ကာ ငယ်ရွယ်ပုံပေါ်သည်။ ချိုးကျင်းရဲ့အရှေ့မှာ ရပ်နေတဲ့ တစ်ဖက်လူရဲ့ မျက်နှာမှာ အပြုံးဖျော့ဖျော့လေး ရှိနေပြီး ခုနကကျိရှန်းရှောင်နဲ့ အကြိတ်အနယ် တင်းမာနေသော အငွေ့အသက်တွေက ပျောက်ဆုံးနေကာ အတော်လေး နူးညံ့နေသည့် အငွေ့အသက်တွေနဲ့ လွှမ်းခြုံနေသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now