Chapter - 45

4.8K 754 28
                                    

|| Unicode ||

ကျိရှန်းရှောင်တစ်ယောက်ထဲ ချိုးကျင်းရဲ့သရုပ်ဆောင်နိုင်မှုကို အံ့ဩနေခဲ့တာမဟုတ်ပေ......

ဇာတ်ဝင်ခန်း ရိုက်ကူးတာကို ကြည့်ပြီးတဲ့နောက်မှာ ရှန်းရှီမှာ သူ့ဘေးနားမှာငိုနေတဲ့ မန်နေဂျာကို စကားပြောလာခဲ့သည်။

"ဘာလို့ ငါ့အတွက် ကျိဟယ်ဇာတ်ကောင်ကို မယူပေးရတာလဲ?"

"မင်းက အဓိကဇာတ်ကောင်လေ!"

မန်နေဂျာမှာ ငိုနေရင်းနဲ့ ရှန်းရှီရဲ့စကားကြောင့် ကြောင်အသွားတော့သည်။

"မင်းကဘာလို့ သူ့ကိုအားကျနေတာလဲ? ချိုးကျင်းက ဒီအတိုင်း အရံဇာတ်ကောင်လေး သရုပ်ဆောင်နေရတာပါ!"

"ဒါပေမယ့် ဒီကာရိုက်တာက အရမ်းမိုက်လွန်းတယ်လေ! မသိရင် တကယ့်ကို အသက်ဝင်လာသလိုပဲ!"

ရှန်းရှီတစ်ယောက် ကားထဲမှာထိုင်နေရင်း ဖုန်းကိုကိုင်ကာ အော်ဟစ်နေခဲ့လေသည်။

"ဒီမှာကြည့်လိုက်ဦး! ချိုးကျင်းက အရမ်းကို လှနေတာလေ! ငါ့ကိုပဲ ကြည့်လိုက်! သူနဲ့ငါရဲ့ ရုပ်ရည်က တကယ့်ကို ယှဉ်လို့မရဘူး! သူလိုမျိုးသရုပ်ဆောင်တတ်ဖို့က မဖြစ်နိုင်‌ဘူးလေ! အဲ့တော့ အဲ့ဒီ့လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ကာရိုက်တာမျိုး မရိုက်ရရင် ငါ့မှာဘာရှိတော့မှာလဲ?"

"အရင်ဆုံး စိတ်ကိုလျော့ပါ! သူများတွေ ကြားသွားကုန်လိမ့်မယ်!"

မန်နေဂျာက ရှန်းရှီရဲ့တစ်ခါတစ်လေ လွတ်ထွက်သွားတတ်တဲ့ စိတ်အခြေအနေကို ပြန်တည်ငြိမ်အောင် ကြိုးစားကာ စကားဖြ‌တ်ပြောလိုက်ရသည်။

"အခုမင်းနဲ့ချိုးကျင်းရဲ့ ဆက်ဆံရေးက ဘာလဲ? အတိတ်တုန်းက ဒီလောက်ပြင်းထန်တဲ့ ရန်စတွေရှိခဲ့တာ! အဲ့တော့ မင်းက အခုချိုးကျင်းကို သဘောကျနေတယ်လို့ ငါ့ကို ပြောချင်နေတာလား? အဲ့လို့သာဆိုရင် ကိုယ့်မျက်နှာကိုယ် ပြန်ဖြတ်ရိုက်သလို အရှက်မရှိဖြစ်သွားမှာပေါ့? ဖန်တွေကရော မင်းကို ဘာပြောကြမယ်ထင်လဲ?"

"သေချာပေါက် အဲ့ဒါတွေကို သိတာ‌ပေါ့! ငါက အခုသူနဲ့ စကားပြောချင်ရုံပဲ! ရင်းနှီးချင်ရုံ‌ပဲလို့!"

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now