Chapter - 57

4.3K 705 27
                                    

|| Unicode ||

ရိုက်ကူးရေးမှာ တကယ့်ကို ခက်ခဲခဲ့တာဖြစ်သည်။ ချိုးကျင်းမှာ ဆယ်ပေါင်လောက်နီးပါး ဝိတ်ကျသွားကာ ရှန်းရှီမှာလည်း နှစ်ကြိမ်လောက် သတိလစ်သွားခဲ့ကာ ကျန်ရှိသော သရုပ်ဆောင်တွေမှာလည်း အမျိုးမျိုး ပင်ပန်းခဲ့ရလေသည်။ ဒါပေမယ့်လည်း သူတို့အားလုံးမှာ အခက်အခဲကို သည်းခံကာ ရိုက်ကူးရေးကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြသည်။

ရိုက်ကူးရေးအပြီး ညစာစားပွဲကိုတော့ ဘေဂျင်းမှာပဲ ကျင်းပပေးခဲ့သည်။ ပွဲအခမ်းအနားကို နှစ်ရက်လောက် သေချာပြင်ဆင်ပြီးတဲ့နောက်မှာ ယီကုံချင်းရဲ့နှိပ်စက်မှုကို ခံစားထားရတဲ့ သရုပ်ဆောင်တွေမှာ ညစာစားပွဲကြောင့် ပျှော်ရွင်ကာ စိတ်တက်ကြွနေကြပြီဖြစ်သည်။

ချိုးကျင်းမှာလည်း အခုဆိုရင် ဟွားရီအေဂျင်စီရဲ့ တရားဝင်သရုပ်ဆောင်တစ်ယောက် ဖြစ်သွားပြီဖြစ်သည်။  အခုအချိန်မှာ ချိုးကျင်းအတွက် ကိုယ်ပိုင်စတိုင်လစ်အဖွဲ့ ရှိနေပြီဖြစ်ကာ တစ်ကိုယ်လုံးမှာလည်း အရင်ကထက်စာရင် အဆင့်အတန်းမြင့်ကာ ကျက်သရေရှိလှသည်။ နာမည်ကြီးအပ်ချုပ်ဆရာကနေ ချုပ်လုပ်ပေးထားတဲ့ ချိုးကျင်းကိုယ်တိုင်းနဲ့ ကွက်တိအနောက်တိုင်းဝတ်စုံမှာလည်း ချိုးကျင်းပေါ်တွင် ကြည့်ကောင်းနေကာ မျက်နှာပေါ်ရှိ တောက်ပနေသော အပြုံးလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အရမ်းကိုလန်းဆန်းတက်ကြွတဲ့ပုံ ပေါ်နေလေသည်။

ချိုးကျင်းမှာ ပွဲကျင်းပရာ ဟိုတယ်ဟောခန်းကို ရောက်တဲ့အခါမှာ အားလုံးက ရောက်နှင့်နေပြီပင်.....

သူ.... ဟောခန်းထဲကို ဝင်လာတာနဲ့ ယီကုံချင်းက သူ့ကိုခေါ်နေတာကို တွေ့လိုက်ရတော့သည်။

"နောက်ဆုံးတော့ ရှောင်ချိုးရောက်လာပြီပေါ့! ဒီကိုလာလေ...... အကုန်လုံးက မင်းကိုစောင့်နေကြတာ!"

ယီကုံချင်း၊ ရှန်းရှီ၊ ကျန်းမင်၊ ကျန်းချုံးဇီ၊ ဖန်းလင်နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်စသည့် ဇာတ်လမ်းရဲ့ အရေးပါဆုံးဇာတ်ကောင်တွေက ထိုစားပွဲဝိုင်းတွင် ထိုင်နေကြလေသည်။ ထိုစားပွဲဝိုင်းအတွက် ခုံနေရာနှစ်ခုသာ လွတ်နေခဲ့ပြီး ညာဘက်မှာတော့ ရှန်းရှီရှိကာ ဘယ်ဘက်မှာတော့ ကျန်းမင်ရှိနေခဲ့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now