Chapter - 8

5.3K 878 35
                                    

|| Unicode ||

မိုးတွေ အကြီးအကျယ် ရွာလာတဲ့အချိန်မှာတော့ ရှန်ဝမ်က တန်ယွမ်တင်းကို ကာကွယ်ဖို့အတွက် အပြေးအလွှား သွားခဲ့သည်။ သူတို့နှစ်ယောက်က တံစက်မြိတ် အောက်မှာ ရပ်နေရင်း တစ်ယောက်ဆံပင်ကို တစ်ယောက် တာဝါဖြင့် သုတ်ပေးနေခဲ့သည်။

ကုံလဲ့ယွီက သူတို့အနောက်ကနေ လိုက်လာခဲ့သည်။ သူ့ရဲ့သစ်အယ်သီးရောင် ဆံပင်ကောက်လေးတွေမှာ မိုးရေတို့ကြောင့် အခုလက်ရှိ သူ့ပုံစံလေးမှာ သနားစရာကောင်းပြီး ရေတွေနဲ့စိုရွဲနေတဲ့ ဝက်ဝံရုပ်တစ်ရုပ်အလား ဖြစ်နေလေသည်။

ရှန်ဝမ်က သူ့ဆီကို နောက်ထပ် တာဝါ‌တစ်ထည်ကို ကမ်းပေးလာခဲ့သည်။

"ဒီမှာ..... ဒါကိုသုံးလိုက်!"

ကုံလဲ့ယွီမှာ ကျိရှန်းရှောင်အား ကြည့်နေရင်း သွားကူညီပေးချက်ပေမယ့်လည်း သူ့ရဲ့တက်ကြွမှုတွေ ၊အားအက်တွေမှာ ကုန်ဆုံးနေပြီဖြစ်သည်။ အဲ့ဒါကြောင့် သူက ရှန်ဝမ်ပေးလာတဲ့ တာဝါကိုသာ ယူလိုက်တော့သည်။ သူက 'ကျေးဇူးပါ!'လို့ ပြောလိုက်ပြီး အပေါ်ထပ်ကိုသာ တက်သွား‌ခဲ့သည်။

အဖွဲ့တွေအားလုံးမှာ သူတို့၏သက်ဆိုင်ရာ အလုပ်တာဝန်ကို အောင်မြင်စွာ လုပ်နိုင်ခဲ့တာကြောင့် ရှန်ဝမ်မှာ သူတို့ရဲ့ နောက်တစ်ပတ် စားသောက်စရိတ်အတွက် ရိုက်ကူးရေးအဖွဲ့ဆီကနေ ‌ယွမ်ခြောက်ရာကို လက်ခံရရှိခဲ့တော့သည်။

တစ်မနက်ခင်းလုံး အလုပ်လုပ်ပြီးသွားတဲ့နောက် ဘယ်သူကမှ ဟင်းချက်ချင်စိတ် ရှိမနေခဲ့ကြပေ! အဲ့ဒါကြောင့် အားလုံးက မြို့ထဲဘက်ကို ဈေးဝယ်ထွက်ရင်း နေ့လည်စာအတွက် သင့်တော်ရာဖြင့်သာ ဖြေရှင်းဖို့ စယဆုံးဖြတ်လိုက်တော့သည်။

မိုးတွေ အကြီးအကျယ် ရွာနေခဲ့ပေမယ့်လည်း မြို့ငယ်လေးမှာ လူတော်တော် စည်းကားနေလေသည်။ သူတို့တွေက စူပါမားကတ်တစ်ခုဆီ ဝင်လိုက်ကာ နေ့လည်စာကို စားခဲ့ကြသည်။ နောက်ဆုံးမှာတော့ သူတို့တွေတွင် ယွမ်တစ်ရာလောက်သာ ကျန်ရှိတော့သည်။ ချိုးကျင်းမှာ ပင်လယ်စာ ဝယ်ချင်နေခဲ့တာ ဖြစ်ပေမယ့်လည်း အခုချိန်မှာတော့ သူ့ရဲ့ပင်လယ်စာ စားချင်စိတ်မှာ အငွေ့ပျံချင်နေပြီဖြစ်သည်။ အခုကျန်နေတဲ့ ငွေပမာဏအရဆိုရင် အများဆုံး ဝယ်နိုင်လောက်သည်က ဂဏန်းနှစ်ကောင်လောက်ပင်။ ရနိုင်သည့် ဂဏန်းတွေမှာလည်း ရိုးရိုးဂဏန်းအမျိုးအစားလောက်သာ ရမှာပင်ဖြစ်သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now