Chapter - 32

5K 739 32
                                    

|| Unicode ||

ပြစ်ဒဏ်ပြီးဆုံးသွားတာနဲ့ ရှန်းရှီမှာ အသက်ကို မနည်းရှူရှိုက်နေခဲ့ရလေသည်။ ဒီဇာတ်ဝင်ခန်းမှာပါတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ အားပြိုင်မှုက သည်းခံနိုင်ဖို့ ခက်ခဲလှကာ သူ့မှာ ချိုးကျင်းကိုတောင် ရှုံးတော့မလို ဖြစ်သွားသေးသည်။

'ရှုပ်ရှင်အင်ပါယာ'ဆုရဲ့ အစောပိုင်းဆုရသူဖြစ်တဲ့ ရှန်ဝမ်က သူ့ရဲ့အရင်သရုပ်ဆောင်မှုတွေမှာ အပြစ်ပြောစရာမလိုအောင် ခံစားချက်ထိမိကာ သရုပ်ဆောင်နိုင်သည့်သူဖြစ်သည်။ သူက ချိုးကျင်းရဲ့ မျက်လုံးအကြည့်ထဲမှ ခံစားချက်တွေ အဆင့်ဆင့်ပြောင်းလဲသွားပုံကို ‌သေချာထောက်လှမ်းနိုင်ခဲ့လေသည်။

ရှန်ဝမ်က ချိုးကျင်းရဲ့သရုပ်ဆောင်ပုံ ပတ်သက်ပြီး သိချင်တာတွေရှိတာကြောင့် ‌တစ်ဖက်လူကို မေးဖို့ပြင်လိုက်တော့သည်။ ချိုးကျင်းကိုယ်တိုင်ကလည်း လျှို့ဝှက်ချက်တွေဘာတွေ မထားချင်သည့်သူဖြစ်သည်။ အဲ့ဒါကြောင့် သူက ရှန်ဝမ်ဘက်ကို လှည့်လာခဲ့ပြီး တစ်ဖက်လူနဲ့ ကြွယ်ဝလှတဲ့အသိပညာတွေ၊ အမြင်တွေ၊ သရုပ်ဆောင်အတွေ့အကြုံတွေကို ဆွေးနွေးနေတော့သည်။

ကုံလဲ့ယွီမှာ လူလိမ်တွေလို့ အော်ဟစ်စွပ်စွဲနေခဲ့ပေမယ့်လည်း ဘယ်သူကမှ သူ့ကိုဂရုမစိုက်တာကြောင့် သူ့မှာ တယောက်ထဲ ‌ဒေါသထွက်နေရတော့သည်။

သူ့တို့နားက ပတ်ဝန်းကျင်ရှိလေထုက တည်ငြိမ်လာတာနဲ့အမျှ ရှန်းရှီက ချိုးကျင်းကို ပြန်ကြည့်လိုက်တော့သည်။ တစ်ဖက်လူက သူ့ရဲ့မျက်နှာမှာ နွေးထွေးသောအပြုံးလေးကို ဆင်မြန်းထားလေသည်။ ရှန်ဝမ်လို ကြာမြင့်လှတဲ့ အရည်အချင်းရှိတဲ့ သရုပ်ဆောင်နဲ့ စကားပြောဆွေးနွေးရတာတောင်မှ ချိုးကျင်းက အလွယ်တကူနဲ့ စကားပြောဆိုနိုင်သည်။ ဒါက သူ့အရင်တွေ့ဖူးတဲ့ ချိုးကျင်းရဲ့ပုံစံနဲ့ လုံးဝပြောင်းပြန်ဖြစ်နေပြီပင်။

ချိုးကျင်းရဲ့နှလုံးသားထဲမှာ ရှန်းရှီအတွက် နေရာမရှိတော့ပေ။

ရှန်းရှီမှာ ဒီလိုခံစားမနေသင့်မှန်း နားလည်ပေမယ့်လည်း အနည်းငယ်တော့ ဝမ်းနည်းနေမိသည်။ ဒါပေမယ့်လည်း သူဘက်ကလည်း ထိုခံစားချက်တွေ ရအောင်ဖျောက်ဖျက်မှာပင်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now