Chapter - 63

4.4K 708 62
                                    

ရှောင်ကျူး ပြောစရာရှိတယ်ရှင့်.... ကျိရှန်းရှောင်ရဲ့ အတွင်‌းရေးမှူးကို ရှောင်ကျူးနာမည်မှားရေးမိထားလို့ပါရှင့်! တောင်းပန်ပါတယ်နော်! ရှောင်ကျူးက တရုတ်နာမည်တွေနဲ့ အကျွမ်းတဝင်မရှိတော့ ထင်ရာရေးမိသွားပါတယ်! အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ် (ᗒᗣᗕ)՞ အဲ့ဒါကြောင့်မို့ ရှောင်ကျူးက နာမည်ပြင်ရေးလိုက်တဲ့အကြောင်း လာအကြောင်းကြားတာပါ! ရှုချန်းကနေ ရွှီချန်းအဖြစ် ပြောင်းသွားပါတယ်ရှင့်! အမှားအယွင်းအတွက် စိတ်မရှိပါနဲ့နော်!

|| Unicode ||

စနေ့နေ့မှာတော့ ရွှီချန်းက ချိုးကျင်းရိုက်ကူးရေးလုပ်နေတဲ့နေရာကို ရောက်လာခဲ့တယ်။ ရိုက်ကူးရေးနေရာမှာ မြို့လယ်က လူသွားများတဲ့နေရာဖြစ်ပြီး ရိုက်ကူးရေးအတွက် အဆင်ပြေအောင် တစ်ချို့အရာလေးတွေကို ဇာတ်ညွှန်းထဲကအတိုင်း ပြောင်းလဲခဲ့လေသည်။

ရွှီချန်းတစ်ယောက် နေကာမျက်မှန်တပ်ပြီး ဝင်လာခဲ့ချိန်မှာတော့ ရိုက်ကူးရေးက စတင်နေခဲ့ပြီ ဖြစ်လေသည်။ သူ့ကို လမ်းညွှန်ပေးခဲ့တဲ့လူကတော့ သူ့အား ဧည့်သည်ကတ်တစ်ကတ်ပေးပြီး ထွက်သွားခဲ့သည်။ ရွှီချန်းက နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်တော့သည်။

ဗန်ကားတွေက ရိုက်ကူးရေးဝင်းထဲမှာ ပြည့်ကြပ်နေခဲ့ပြီး ရှုပ်ထွေးနေတဲ့ ဝါယာကြိုးတွေ၊ ဆလိုက်မီးတွေ၊ ပုံးတွေအစီလိုက်နဲ့ နေရာတိုင်းက အရမ်းထူးဆန်းနေခဲ့သည်။

ဒီရိုက်ကူးရေးဝင်းထဲမှာရှိတဲ့ လူတွေကလည်း အပြင်ကလူတွေနဲ့ မတူစွာကွဲပြားနေခဲ့လေသည်။  တစ်ချို့လူတွေက ဝိုင်းဖွဲ့ကာ စကားတွေပြောနေကြပြီး တစ်ချို့ကတော့ စပီကာအသေးလေးတွေနဲ့ အော်ဟစ်နေကြကာ တစ်ချို့ကတော့ ပစ္စည်းကိရိယာတွေကို အလျှင်အမြန်သယ်ဆောင်နေကြပြီး သူတို့တွေအကုန်လုံး စိတ်မသက်မသာဖြစ်ကာ ပင်ပန်းမှုကြောင့် စိတ်ညစ်နေကြပုံ ပေါ်လေသည်။

ရွှီချန်းက မျက်မှောင်ကျုံ့ကာ...... အဲ့ဒီ့တော့ ရုပ်ရှင်ကားတွေက ဒီလိုမျိုးတွေ ရိုက်ကူးကြရတာလား? သူစိတ်ကူးထားတာနဲ့ အနည်းငယ်ကွာခြားနေတာပဲ။ သူက ရိုက်ကူးရေးနေရာတွေဟာ ဒီထက်ပိုတောက်ပပြီး အရာအားလုံးက စနစ်တကျရှိနေမယ်လို့ ထင်ခဲ့တာ။ အခုကျတော့...

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now