Chapter - 30

5.2K 801 74
                                    

|| Unicode ||

သူက ကလေးဘဝကတည်းက ကျိရှန်းရှောင်ကို ကြောက်ရွံ့နေခဲ့တာဖြစ်သည်။ အခု ကျိရှန်းရှောင်ရဲ့ အေးစက်လှတဲ့အကြည့်တွေကို သူ့အပေါ် ရောက်လာတဲ့အခါမှာ သူ့ရဲ့ဒူးခေါင်းတွေဂာ အားမရှိတော့သလို ခံစားရပြီး ကြမ်းပြင်ပေါ်ကို လဲကျလုမတတ်ပင်။ ကြောက်ရွံ့မှုကြောင့် သူက အောက်ထပ်ကို ပြေး‌ဆင်းသွားခဲ့ပေမယ့် လှေကားအဆုံးမှာတော့ ရှန်ဝမ်နဲ့ တိုက်မိသွားတော့သည်။

"ချိုးကျင်းကို သွားတွေ့တာမဟုတ်လား? သူဘာလုပ်နေလဲ?"

ကျိချီရှန်းက အလျင်အမြန်ပင် ရှန်ဝမ်အား ပိတ်ရပ်လိုက်ပြီး.......

"သွား..... သွားလို့မရသေးဘူး! ချိုးကျင်းက အခု စကားပြောလို့ အဆင်မပြေလောက်ဘူး!"

ရှန်ဝမ် : "ဘာဖြစ်လို့လဲ?"

"သူ..... သူ....."

အရေးပေါ်ကိစ္စတွေမှာဆိုရင် ကျိချီရှန်းမှာ အရိပ်အကဲသိတာကြောင့် သူက တွေ့ရာစကားကို ပြောလိုက်တော့သည်

"သူ.... သူက အခု ကျွန်တော့ကောနဲ့ အားကစားလုပ်နေတယ်!"

ရှန်ဝမ်က ကျိချီရှန်းရဲ့အဖြေကြောင့် အနည်းငယ် ကြောင်သွားခဲ့ပေမယ့်လည်း လှေကားကို ဆက်မတက်ခဲ့ပဲ လှေကားအောက်ကနေသာ အော်ပြောလိုက်တော့သည်။

"ချိုးကျင်း.... မြန်မြန်လုပ်ဦး! ငါတို့ မင်းကို စူပါမားကတ်သွားဖို့ စောင့်နေတယ်!"

အိပ်ခန်းထဲမှာတော့ ချိုးကျင်းက ကျိရှန်းရှောင်ကို ရှက်ရွံ့နေဟန်ဖြင့် ကြည့်လိုက်ပြီး.......

"ဥက္ကဌကျိ..... စူပါးမားကတ်ကနေ ပြန်လာမှ အမှတ်အသားပေးလို့ ရနိုင်မလားဟင်?!"

ကျိရှန်းရှောင်ရဲ့ မျက်လုံးအစုံက ချိူကျင်းရဲ့ ဂလင်းအိတ်နေရာရှိ အရင်တစ်ခေါက် ပေးထားသည့် ယာယီအမှတ်အသားက မှေးမှိန်နေတာကို ကြည့်လိုက်တော့သည်။ ဒါက သူအရင်တစ်ခေါက် သေချာအမှတ်အသား မပေးလိုက်နိုင်တာကြောင့်ပင်။ သူ့ရဲ့လက်ချောင်းတွေနဲ့ ထိုအမှတ်အသားလေးကို ထိကြည့်နေရင်း သူ့ရဲ့စိတ်ထဲမှာတော့ အယ်လ်ဖာတစ်ယောက်ရဲ့ ပိုင်ဆိုင်လိုစိတ်က ကြီးမားလာနေခဲ့သည်။ တစ်ကယ်လို့ သူသာ ချိုးကျင်းကို တစ်သက်တာ အမှတ်အသား ပေးလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းလိုက်မလဲ?

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now