Chapter - 7

5.2K 827 16
                                    

|| Unicode ||

ချိုးကျင်းတစ်ယောက် ရေချိုးခန်းထဲကနေ ပြန်ထွက်လာတဲ့အချိန်မှာတော့ မနက်၇နာရီခွဲသွားပြီဖြစ်သည်။

သူ.... ပြင်ဆင်ပြီးလို့ အိပ်ခန်းထဲကနေ ထွက်လာတဲ့အခါမှာ မျက်နှာချင်းဆိုင် အခန်းရဲ့တံခါးကလည်း ပွင့်လာခဲ့သည်။

ရှန်းရှီက တံခါးကိုမှီကာ ရပ်နေခဲ့သည်။ သူ့ကဲ့ခန္ဓာကိုယ်မှာ ပိန်ပါးလှကာ မျက်ခုံးများမှာလည်း အနည်းငယ် တွန့်ချိုးနေလေသည်။ သူ့ရဲ့စိတ်အခြေအ‌နေကို ကြည့်ရတာ အပြင်ပိုင်းပုံစံအရ ဆိုရင်တော့ တည်ငြိမ်နေပုံ ပေါက်ပေမယ့်လည်း အမှန်တကယ်ကတော့ အပြင်ပုံစံနှင့် ဆန့်ကျင့်ဘက်ပင်ဖြစ်သည်

သူ... ဒီနေ့ တော်တော်လေးကို နေမကောင်းတာပဲ!! မနက်ကတည်းက ချိုးကျင်းကြောင့် စိတ်ညစ်နေရတာကို နောက်တစ်ခေါက် သူနဲ့ထပ်တွေ့တယ်တဲ့လား?!

'အား...... စိတ်အနှောင့်အယှက် ဖြစ်‌လိုက်တာ! ဘာလို့ ငါ့မျက်စိရှေ့မှာ ပေါ်လာပြန်တာလဲ? ငါ့ကို စကားလာမပြောနဲ့နော်!! မင်းကို လုံးဝမမြင်ချင်ဘူးလို့!!"

သူက သူ့ရဲ့မျက်နှာပေါ်မှာ တစ်ဖက်လူက ဘာလာပြောပြော ငြင်းပယ်မယ်ဆိုတဲ့ပုံစံ တံဆိပ်ခတ်နှိပ်ထားလေသည်။

ဒါပေမယ့် ချိုးကျင်းကတော့ ရှန်းရှီကို လေလို့သာ သဘောထားပြီး ဂရုတောင်မစိုက်ပဲ အောက်ထပ်ကိုသာ ဆင်းသွားခဲ့သည်။ ရှန်းရှီမှာ ထိုမှသာ စိတ်သက်သာရာရသလို ခံစားချက်မျိုး ရရှိသွားတော့သည်။ ဒါပေမယ့် သူဘာလို့ တစ်ခုခုက မှားယွင့်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေရတာလဲ?!

ချိုးကျင်းက အစတုန်းကတော့ သူ့နောက်ကို တောက်လျှောက်လိုက်နေပြီးတော့ အခုကျတော့ သူ့ကို ကြည့်တောင်မကြည့်တော့ဘူးပေါ့? တစ်ကယ်ပဲ လူတစ်ယောက်က အချိန်တိုလေးအတွင်းမှာ လုံးဝတခြားလူတစ်ယောက်လိုပြောင်းလဲသွားနိုင်တာလား? သူက ကြီးကြီးမားမား တစ်ခုခု လုပ်တော့မှာမို့လို့ အခုလောလောဆယ်မှာ အလျော့ပေးနေတာမျိုးတော့ မဟုတ်လောက်ဘူး မဟုတ်လား?!

စားနေတဲ့အချိန်အတွင်းမှာလည်း ရှန်းရှီတစ်ယောက် ချိုးကျင်းအား မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ သို့ပေမယ့် တစ်ဖက်လူက သူ့အပေါ်ကို လုံးဝဂရုမစိုက်ပဲနဲ့ စားစရာအပေါ်ကိုသာ အာရုံစိုက်နေခဲ့လေသည်။ ထမင်းစားပွဲပေါ်ရှိ သခွားသီးအေးပန်းကန်ကို ချိုးကျင်းကြည့်နေတဲ့ အကြိမ်အရေအတွက်မှာ ရှန်းရှီအားကြည့်သည့် အကြိမ်အရေအတွက်ထက်တောင် ပိုများနေလေသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now