Chapter - 66

4.7K 712 39
                                    

|| Unicode ||

ဒါရိုက်တာက တံခါးအပြင်ဘက်မှာ အချိန်အတော်ကြာ ဟိုလျှောက်ဒီလျှောက် လုပ်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သည်းမခံနိုင်တော့ကာ တံခါးဖွင့်ဝင်လာတော့သည်။

သူက ချက်ချင်းပင် ပြေးဝင်လာကာ အော်ပြောလာခဲ့သည်။

"ချိုးကျင်း..... ရင်းနှီးမြှုပ်နှံသူ ရောက်နေတယ်! အဲ့တော့အဓိကဇာတ်ကောင် သရုပ်ဆောင်အနေနဲ့ ထမင်းအတူတူ စားပေးစေချင်တယ်! မင်းအဆင်ပြေလား?"

"ချိုးကျင်းကို ရှာနေတာလား?"

အခန်းထဲကို ဝင်ဝင်ချင်းမှာ ကျိရှန်းရှောင်က အားကောင်းလှသော အငွေ့အသက်တွေနဲ့အတူ အခန်းထဲမှာရှိနေတာကို တွေ့လိုက်ရသည်။

ဒါရိုက်တာမှာ တစ်ဖက်လူကို ရုတ်တရက် တွေ့လိုက်ရတာကြောင့် အံ့ဩသွားခဲ့ပြီး ချက်ချင်းပင် ပြုံးပြခဲ့လေသည်။

"ဥက္ကဌကျိလည်း ရောက်နေတာလား?"

ကျိရှန်းရှောင် : "အင်း...... အလုပ်ပြီးရင် အတူတူပြန်ဖို့ လာကြိုပေးတာ!"

အိမ်ကိုအတူတူပြန်မယ်........

ထိုစကားကို ကြားလိုက်သည်နှင့် အရူးလိုတုံးအသူမှသာ အဓိပ္ပာယ်ကို နားမလည်ကြမှာဖြစ်သည်။ ဒါရိုက်တာမှာ ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်းကို စဉ်းစားနေခဲ့ကာ စိတ်အားထက်သန်စွာနဲ့ ပြောလာခဲ့သည်။

"ဒီရုပ်ရှင်ရဲ့ရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံခြားကနေ စီးပွားရေးကိစ္စလေးရှိလို့ ဘေဂျင်းကိုရောက်လာကြတယ်လေ! သူတို့တွေက အဓိကသရုပ်ဆောင်တွေနဲ့ တွေ့ချင်ပြီး ထမင်းအတူတူစားချင်နေကြတာ!"

သူက စကားပြောတာကို ခဏရပ်လိုက်ပြီး အပြုံးလေးနှင့် ပြန်ပြောလာလေသည်။

"သေချာပေါက် ချိုးကျင်းက အဆင်‌မပြေရင် မသွားလည်းရပါတယ်! ကိစ္စမရှိပါဘူး!"

"ကျွန်တော် သွားလို့ရပါတယ်!"

ချိုးကျင်းက အဝတ်လဲပြီးပြီဖြစ်ကာ သူတို့အနားကို လျှောက်လာခဲ့သည်။ ချိုးကျင်းမှာ ရိုးရှင်းလှတဲ့ အဖြူရောင်တီရှပ်လေးကိုသာ ဝတ်ဆင်ထားပြီး ကျောင်းမပြီးသေးတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်လို လန်းဆန်းတက်ကြွနေပုံပေါ်သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now