Chapter - 35

4.9K 760 19
                                    

|| Unicode ||

ဒါပေမယ့်လည်း ပစ္စည်းယှဉ်ပြိုင်သည့်ကိစ္စမှာ ဘယ်သူကကြီးတယ်၊ ဘယ်သူကသေးတယ်ကို သိချင်နေသူမှာ သူတို့နှစ်ဦးထဲမဟုတ်ပဲ အွန်လိုင်းအသုံးပြုသူတွေက သူတို့ထက်တောင် ပိုသိချင်နေခဲ့သည်။

'စူပါစတားတွေရဲ့ စိန်ခေါ်မှု'က တရားဝင်ထုတ်လွှင့်လာတဲ့အခါမှာတော့ ချိုးကျင်းတစ်ယောက် လှောင်ရယ်ခံရတဲ့ကိစ္စကို ဖြတ်ထုတ်ထားခဲ့ပေမယ့် အွန်လိုင်းအသုံးပြုသူတစ်ယောက်မှ တင်လိုက်သော ဗီဒီယိုအသေးလေးကတော့ နာမည်ကြီးနေတုန်းပင်ဖြစ်သည်။

- ချိုးကျင်း မင်းရဲ့ပစ္စည်းက အနုပညာလောကမှာ အကြီးဆုံးပဲလား?

- သေချာပေါက် ကျွန်တော်က ကြီးတယ်လို့ ဘယ်ပြောရပါ့မလဲ? မင်း.... ဥက္ကဌကျိရဲ့ဟာကို မမြင်ဖူးသေးလို့ အဲ့လိုပြောနေတာပါ!

ထိုဗီဒီယိုလေးက အွန်လိုင်းအသုံးပြုသူတွေရဲ့ သိချင်စိတ်ကို နိုးဆွနေခဲ့တော့သည်။

အရင်တုန်းကဆို ချိုးကျင်းကိုယ်တိုင်က သူ့ပစ္စည်းကသာ အကြီးဆုံးဆိုပြီး ကြွားနေခဲ့တာမဟုတ်လား?! သူက သူပြောထားတဲ့စကားကို အရှက်မရှိပြောင်းပြောရလောက်အောင် ကျိရှန်းရှောင်ရဲ့ပစ္စည်းက ကြီးနေတာလား?

ရှစ်လက်မလောက်အထိ ရှည်နေလို့များလား? တကယ့်ကို အတိုင်းအတာက အရေးကြီးတာပဲ! အဲ့လိုသာဆိုရင် သူနဲ့အတူအိပ်မယ့် အိုမီဂါက အိပ်ရာထဲကတောင် ထွက်နိုင်ပါ့မလား?

ထို့နောက်မှာတော့ အွန်လိုင်းအသုံးပြုသူတွေက အနုပညာလောကရဲ့ အကြီးဆုံးပစ္စည်းပိုင်ရှင် ထိပ်တန်းဆယ်ယောက်စာရင်း ရေးဆွဲလာတော့သည်။

ကျိရှန်းရှောင်က ဘယ်သူနဲ့မှယှဥ်ပြိုင်နိုင်ခြင်းမရှိပဲ ချက်ချင်းပင် နံပါတ်တစ်ချိတ်သွားတော့သည်။ ကျိရှန်းရှောင်ရဲ့ပစ္စည်းကို သေချာလေး မြင်နေရသည့် ဓာတ်ပုံလေးက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေတော့သည်။

ချိုးကျင်းကတော့ ဒုတိယဖြစ်ပြီး သူရဲ့နှစ်ခုမရှိတဲ့ 'စူပါစတားတွေရဲ့ စိန်ခေါ်မှု'အစီအစဉ်က ဓာတ်ပုံပင်.......

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now