Chapter - 51

4.8K 737 50
                                    

|| Unicode ||

"ကဒ်!!!"

ယီကုံချင်းမှ အော်လိုက်သည်နှင့် ချိုးကျင်းမှာ ချက်ချင်း ဇာတ်ကောင်ထဲနစ်ဝင်နေခြင်းကနေ ရုန်းထွက်လိုက်တော့သည်။ သူက အပေါ်ကနေ အုပ်မိုးထားတဲ့ တစ်ဖက်လူကို တွန်းထုတ်ဖို့ လုပ်လိုက်ပေမယ့် တစ်ဖက်လူက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတာကို တွေ့လိုက်ရလေသည်။

ချိုးကျင်းကတော့ ကြောင်အနေခဲ့ပြီး........

"ကျန်းလောင်ရှီး!"

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးတဲ့နောက်မှ ကျန်းမင်က ပြန်အသိဝင်လာခဲ့ပြီး အုပ်မိုးထားရာကနေ ထပေးလာခဲ့သည်။

"ဆောရီးပါ! ကိုယ်.... ဇာတ်ကောင်ထဲ အရမ်းနစ်မြောသွားလို့ ဖြစ်မယ်!"

ချိုးကျင်းမှာ အဝတ်အစားကို ခန္ဓာကိုယ်ဖုံးအောင် ပြန်ပြင်ဝတ်ရင်း ဘာမှစိတ်ထဲမထားသည့်ဟန်ဖြင့် ပြန်ပြောလာခဲ့သည်။

"ဖြစ်တတ်ပါတယ်!"

သူ့ရဲ့ညှပ်ရိုးက သိသိသာသာပေါ်နေခဲ့ပြီး ခါးစည်းကလည်း လျော့ရဲနေတာကြောင့် မကြာခင်မှာပင် ချိုးကျင်းမှာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေပါ လှစ်ဟပြမိတော့မလို ဖြစ်နေခဲ့သည်။

လွီဝေ့က အလျင်အမြန်ပဲ ချိုးကျင်းအား ခြုံဖို့အတွက် ပုဝါတစ်ထည်ကို ခန္ဓာကိုယ်အပေါ် ပစ်တင်ပေးလာတော့သည်။

ချိုးကျင်းမှာ အပေါ်ကခြုံဝတ်ဖို့ရန်မှာ ပူလောင်နေတာကြောင့် လွီဝေ့အား တားရတော့သည်။

"တော်ပြီ! ထပ်မပေးနဲ့တော့!"

လွီဝေ့က ပြဲနေတဲ့ဝတ်ရုံရဲ့ အောက်အနားစကြောင့် မသိမသာလေး ပေါ်နေသော ခြေတံဖြူဖြူလေးကိုကြည့်ရင်း ခေါင်းမာမာနဲ့ ချိုးကျင်းအား ပုဝါတွေထပ်ပေးဖို့ လုပ်နေခဲ့သည်။

"ဥက္ကဌကျိက ပြောထားတယ်.... ကောကို လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးရမယ်တဲ့!"

နှစ်စက္ကန့်လောက် ငြိမ်သက်ပြီးတဲ့နောက်မှာ ချိုးကျင်းတစ်ယောက် ကမ်းပေးလာတဲ့ နောက်ထပ်ပုဝါတစ်ထည်ကို ယူပြီးခြုံလိုက်တော့သည်။ သူ့ရဲ့မျက်လုံးတွေက ရိုက်ကွင်းအနှံ့ကို ရောက်နေခဲ့ပေမယ့် ကျိရှန်းရှောင်ကို မတွေ့ခဲ့ပေ။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now