Chapter - 73

4.4K 603 43
                                    

|| Unicode ||

ချိုးကျင်းမှာ 'Chuck Talk Show'ကို သွားပြီးတဲ့နောက်မှာ ကိစ္စတစ်ချို့ကို နားလည်သွားခဲ့လေသည်။ သူတို့နှစ်ယောက်အကြောင်းကို ထုတ်မပြောရင်တောင်မှ လူတော်တော်များများက သူတို့ရဲ့အခြေအနေတွေကို အစအဆုံး သိနေကြသည့်အတိုင်းပင်။

ပထမတုန်းကတော့ ချိုးကျင်းမှာ အနည်းငယ်ရှက်ရွံ့နေခဲ့ပေမယ့် ထိုအစီအစဉ် ပြီးသွားတဲ့နောက်မှာ လူတော်တော်များများက သူနဲ့ ကျိရှန်းရှောင်အကြောင်းကို အတော်လေးကို နားလည်သွားကြပြီဖြစ်သည်။

တစ်ချိန်ထဲမှာပဲ ချိုးကျင်းရဲ့ နောက်ထပ်ဇာတ်ကားအသစ်ကို ရိုက်ကူးရမည်မှာလည်း နီးကပ်လာပြီပင်.....

'အထီးကျန်ဆန်သော'ရဲ့ အဓိကဇာတ်ကောင်ဖြစ်သည်။ ကျိုးဇီမော့မှာ ရင်းနှီးမြှုပ်နှံသူ ဘဏ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ကာ မြင့်မားလှတဲ့ လစာ၊ မြင့်မားလှတဲ့  ဖိအားတွေအောက်မှာ အလုပ်လုပ်ရသူဖြစ်သည်။ ချိုးကျင်းမှာ ခံစားမှုတွေ ပတ်သက်လာလျှင် အများကြီး တွေ့ကြံဖူးကာ ခံစားချက်အမျိုးမျိုးကို သရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်ပေမယ့် ဒီလိုမျိုး ပြီးပြည့်စုံတဲ့ စီးပွားရေးပုံစံ သရုပ်ဆောင်ပြရမည်မှာတော့ အခက်အခဲ အနည်းငယ်ရှိလှသည်။

ရင်းနှီးမြုပ်နှံတဲ့ ဘဏ်လုပ်ငန်းအလုပ်မှာ အတော်လေးကို ပရော်ဖက်ရှင်နယ်ကျကာ ချိုးကျင်းမှာ လဝက်လောက် စီးပွားရေးနဲ့ ပတ်သက်ပြီး လေ့လာကာ စီးပွားရေးသတင်းတွေကိုလည်း နေ့တိုင်းဖတ်လေသည်။ ဒါပေမယ့်လည်း သူတကယ်တမ်း လက်တွေ့သရုပ်ဆောင်မယ်လို့ တွေးလိုက်တိုင်း တစ်ခုခုက လိုအပ်နေသလို ခံစားနေရလေသည်။

တကယ့်လက်တွေ့ဘဝက လူတွေမှာ ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာကို လေ့လာချင်တာကြောင့် ချိုးကျင်းမှာ နာမည်ကြီးရင်းနှီးမြုပ်နှံမှု ဘဏ်တွေဆီသွားကာ သူသိချင်တဲ့အချက်တွေကို ရှာဖွေတော့သည်။

ဒါပေမယ့် ချိုးကျင်းမှာ ကုမ္ပဏီအရှေ့မှာပဲ ကားကိုရပ်ကာ ကုမ္ပဏီထဲကိုမဝင်ပဲ အပြင်ကနေသာ တိတ်တဆိတ် လေ့လာနေခဲ့လေသည်။ ရုတ်တရက် လုံခြုံရေးဝန်ထမ်းတစ်ယောက်က သူ့ကားအနားကို ချဉ်းကပ်လာပြီး သူ့ရဲ့ကားပြတင်းပေါက်ကို ခေါက်လာခဲ့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now