Chapter - 21

5K 788 38
                                    

|| Unicode ||

"မစ္စတာချိုး ဒီဘက်ကို ကြွပါ!"

ဘောဒီဂတ်နှစ်ယောက်မှာ ချိုးကျင်းအား ပြေးပေါက်မရှိ‌အောင် ပိတ်ထားကာ ဖိတ်ခေါ်သည့် အမူအရာမျိုးဖြင့် ချိုးကျင်းကို ကားဆီသွားရန် ပြောနေတော့သည်။

ချိုးကျင်းက ချစ်စရာကောင်းအောင် ရယ်ပြလိုက်ပြီး.....

"ကျွန်တော် မသွားလို့ မရဘူးလား?"

တစ်ဖက်က ဘော်ဒီဂတ်မှာ အမူအရာကင်းမဲ့နေသော မျက်နှာဖြင့်သာ ပြန်ပြောလာခဲ့သည်။

"ကျေးဇူးပြုပြီး ကိစ္စတွေကို ခက်ခဲအောင် မလုပ်ပါနဲ့!"

ချိုးကျင်း : "..............."

"ဘယ်လိုဖြစ်တာလဲ?"

ယန်းချီမှာ အလွန်ကို အံ့အားသင့်နေတာကြောင့် သူ့ရဲ့မျက်လုံးအစုံမှာ အပြင်ကို ထွက်လာတော့မတတ် ပြူးကျယ်နေခဲ့လေသည်။

"ဘယ်တုန်းက မင်းနဲ့ ဥက္ကဌကျိက ရင်းနှီးသွားတာလဲ? ပြီးတော့ သူက မင်းကို ဘာလုပ်ဖို့ ခေါ်နေတာလား?"

ချိုးကျင်းကိုယ်တိုင်လည်း ထိုအကြောင်းအရင်းကို မသိပဲ စိတ်ရှုပ်ထွေးနေခဲ့တာဖြစ်သည်။

"ကျွန်တော်လည်း မသိဘူးလေ!"

"ဟေး... ဒါမှမဟုတ် သူက မင်းနဲ့......"

ယန်းချီမှာ ထိုစကားအား တိုးတိုးတိတ်တိတ် ပြောချင်တာကြောင့် ဘော်ဒီဂတ်နှစ်ယောက်နဲ့ နည်းနည်းလှမ်းတဲ့နေရာကို ချိုးကျင်းအား ဆွဲခေါ်ကာ ပြောခဲ့လေသည်။

"သူက မင်းကို သဘောကျပြီး မင်းနဲ့ ဟိုဟာလုပ်ချင်လို့များလား?"

ယန်းချီမှာ ပြောနေရင်းနှင့်ပင် သူ၏ဘယ်ဘက်လက်မှ လက်မနှင့် လက်ညိုးကိုသုံးကာ အဝိုင်းပုံစံ ဝိုင်းလိုက်ပြီး ညာဘက်လက်မှ လက်ညိုးကို ထိုအပေါက်ထဲ ထည့်နေသည့်ပုံစံ လုပ်ပြလာခဲ့သည်။

လွီဝေ့ကလည်း ယန်းချီရဲ့စကားနောက်လိုက်ကာ.....

"မဟုတ်မှလွဲရော ချိုးကော ကျိဟယ်နေရာကို ရတာက သူ့ကြောင့်များလား?"

"မင်းသေချင်နေပြီလား?"

ချိုးကျင်းမှာ သူတို့အား သတ်ပစ်ချင်သောအကြည့်နှင့် စူးစိုက်ကြည့်လိုက်‌တော့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now