Extra - 1

6.5K 646 47
                                    

|| Unicode ||

သီးသန့်လေယာဉ်တစ်စီးက ဥရောပတိုက်ရှိ နိုင်ငံတစ်ခုရဲ့ လေယာဉ်ကွင်းတစ်ခုဆီသို့ ဆင်းသက်လာခဲ့လေသည်။ တစ်နာရီခွဲအကြာမှာတော့ ချိုးကျင်းက ရှေးဟောင်းဆန်ပြီး တမူထူးခြားတဲ့မြို့တစ်မြို့လေးဆီသို့ ကားဖြင့်ရောက်ရှိလာခဲ့သည်။ လမ်းသွယ်‌လေးတွေတစ်လျှောက် ပန်းတွေ၊ ဖဲကြိုးတွေ‌နဲ့ အလှဆင်ထားခဲ့ပြီး မြို့တစ်မြို့လုံးမှာလည်း ပွဲတော်လေထုနဲ့ ပြည့်နှက်နေခဲ့သည်။

မင်္ဂလာပွဲမကျင်းပမှီ တစ်ရက်အလိုအထိ ချိုးကျင်းတစ်ယောက် သူ့မင်္ဂလာပွဲက ဘယ်လိုပုံစံမျိုး လုပ်မလဲဆိုတာကို မသိခဲ့ပေ.......

လွန်ခဲ့တဲ့နှစ်လတုန်းက ကျိရှန်းရှောင်က သူ မျှော်လင့်ထားတဲ့ မင်္ဂလာပွဲက ဘယ်လိုမျိုးလဲဆိုတာကို မေးလာခဲ့တယ်။ ချိုးကျင်းက ပျော်ရွင်စရာကောင်းပြီး ကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေး ကျင်းပချင်တယ်လို့ ပြောခဲ့တာကို မှတ်မိလေသည်။

ထို့နောက်မှာ သူ...... ကျိရှန်းရှောင်နဲ့အတူတူ ဖိတ်ကြားမယ့်ဧည့်သည်စာရင်းကို ရေးဆွဲခဲ့သည်။ မင်္ဂလာပွဲကျင်းပမည့် တည်နေရာနဲ့ မင်္ဂလာပွဲမှာဖွင့်မယ့် သီချင်းကိုလည်း ရွေးချယ်ခဲ့တယ်။ ဒါပေမယ့်.... မင်္ဂလာပွဲရဲ့ အသေးစိတ်အစီအစဉ်ကတော့ ကျိရှန်းရှောင်နဲ့ ချိုးအိမ်တော်က သူ့မိဘတွေ စီစဉ်ကြတာဖြစ်လေသည်။ ချိုးကျင်းက အဲ့ဒီ့လုပ်ငန်းတွေကို ကိုင်တွယ်ဖို့ အရမ်းပျင်းနေခဲ့ပြီး ကျိရှန်းရှောင်က အဲ့ဒီ့တာဝန်ကို လက်ဦးယူခဲ့တဲ့အချိန်မှာတော့ ချိုးကျင်းတစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။

မြို့လေးက လှပပြီး လူသားဆန်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် ညဘက်မှာ ချိုးကျင်းတစ်ယောက် အိပ်ရာပေါ်လှဲနေရင်း အိပ်မပျော်နိုင်ဖြစ်နေခဲ့လေသည်။

"ကျိရှန်းရှောင်!"

ချိုးကျင်းက ကျိရှန်းရှောင်ဆီသို့ လက်လှမ်းလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ကျိရှန်းရှောင်က သူ့လက်ကို လျင်မြန်စွာဖမ်းကိုင် ပေးလာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Oct 07, 2023 ⏰

Add this story to your Library to get notified about new parts!

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now