Chapter - 26

5.2K 786 52
                                    

|| Unicode ||

မွေးနေ့ပွဲ ပြီးသွားတဲ့နောက်မှာတော့ ပွဲထဲမှာ ရှိနေသော အနုပညာရှင်အားလုံးက ချိုးကျင်းတစ်ယောက် ကျိဟယ်နေရာမှာ သရုပ်ဆောင်ခွင့် ရသွားတာကို သိသွားကြတော့သည်။

သူ့နဲ့ မရင်းနှီးတဲ့လူတစ်ချို့ကတော့ သူ့ကို စိုက်ကြည့်လာကြပြီး တစ်ချို့လူတွေကျတော့လည်း သူ့အနားကို ချဉ်းကပ်ကာ နှုတ်ဆက်လာကြတော့သည်။ ပိုပြီးတော့ ထူးခြားတာက.... အရင်တုန်းက သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့တဲ့လူတွေက အခုတော့ သူ့ကိုလာနှုတ်ဆက်‌နေကြတော့သည်။

ချိုးကျင်းက ဤကဲ့သို့သော လူတွေရဲ့အကျင့်စရိုက် ပြောင်းလဲမှုမျိုးကို ကြုံတွေ့ခဲ့ဖူးပြီးသားဖြစ်သည်။ သူက ဒီလူတွေနဲ့ ဆက်ဆံစကားပြောဖို့ကို ပျင်းရိနေတာကြောင့် ခဏလောက် ရှောင်ပုန်းနိုင်ဖို့ သန့်စင်ခန်းဘက်ကို ထွက်လာခဲ့တော့သည်။

ချိုးကျင်းတစ်ယောက် သန့်စင်ခန်းကနေ ထွက်လာတဲ့အချိန်မှာတော့ ဝင်ပေါက်နားတွင် မတ်တပ်ရပ်နေသော မှောင်မဲနေတဲ့ မျက်နှာအမူအရာဖြင့် ဝမ်မော့ကျားကို တွေ့လိုက်ရတော့သည်။

ချိုးကျင်းက တစ်ဖက်လူနဲ့ ထိပ်တိုင်မတွေ့ချင်တာကြောင့် လက်ကိုရေဆေးပြီးတာနဲ့ ထွက်သွားဖို့ ပြင်လိုက်ပေမယ့်လည်း တစ်ဖက်လူက သူ့ရဲ့လက်ကို ဆွဲလာခဲ့သည်။

ချိုးကျင်းက တစ်ဖက်လူကို ကြည့်လိုက်ပြီး......

"ဘာဖြစ်လို့လဲ?"

တစ်ဖက်လူရဲ့ အပူအပင်ကင်းမဲ့တဲ့ မျက်နှာထားကိုကြည့်ရင်း ဝမ်မော့ကျားရဲ့ မျက်နှာအမူအရာမှာ ပိုပြီးတော့ ပြင်းထန်လာကာ အံကြိတ်မိစေတော့သည်။

"မင်းက အပေါ်ကို တက်နိုင်အောင် တခြားလူအပေါ် ကပ်ဖားရပ်ဖား လုပ်နေတာကို ငါမသိဘူးများ ထင်နေလား?"

"မင်းက သိတယ်?"

ချိုးကျင်းမှာ ရုတ်တရက် အားရပါးရ အော်ရယ်လာတော့သည်။

"အဲ့ဒါဆိုလည်း မင်းကပဲ ငါက ဘယ်သူ့ကို ကပ်ဖားရပ်ဖား လုပ်နေတာလဲ ဆိုတာကို ပြောပြပေးပါလား?"

"မင်း......"

ဝမ်မော့ကျားက ချိုးကျင်းကို ခြိမ်းခြောက်ချင်ရုံသပ်သပ် ပြောခဲ့တာဖြစ်ပေမယ့် တစ်ဖက်လူက ဒီလောက်အထိ အရှက်မရှိလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ဒေါသတွေမှာ ပိုတိုးလာတော့သည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now