Chapter - 36

4.7K 771 17
                                    

ဒီရက်ပိုင်းအလုပ်မအားလို့ အပ်ပုဒိတ်နောက်ကျနေမိတဲ့အတွက် တောင်းပန်ပါတယ်နော် (T_T)

|| Unicode ||

အစတုန်းကတော့ ဘယ်သူကမှ ချိုးကျင်းရဲ့စကားကို မတုံ့ပြန်လာကြပေ။ ဒါက မူရင်းနဲ့လည်း ဘာမှမကွဲသွားဘူး မဟုတ်ဘူးလား? ဘာလို့ယီကုံချင်းက အကြီးအကျယ်တွေ တုံ့ပြန်နေရတာလဲ?

သူတို့တွေက တစ်စုံတစ်ယောက်မှ ပြောင်းလဲသွားမှုကြောင့် ဇာတ်လမ်းအနှစ်အရသာ ပိုပေါ်လာတာကို မရှင်းပြပေးခင်အထိ နားမလည်ကြပေ။ ရှင်းပြပေးလာတော့မှသာ သူတို့က ချိုးကျင်းရဲ့အမြင်တွေက စေ့စပ်သေချာတာကို သိလိုက်ရပြီး သူတို့အနေနဲ့ ချိုးကျင်းအပေါ်ကို သိချင်စိတ်တွေ ပြင်းပြနေတော့သည်။

"အရမ်းကောင်းတဲ့ စကားဝိုင်းလေးပဲ!"

သူ့ရဲ့ဘေးနားကခုံမှာ ထိုင်နေတဲ့ ကျန်းချုံးဇီက ချိုးကျင်းဘက်ကို ခန္ဓာကိုယ်လှည့်ကာ မေးလာခဲ့သည်။

"မင်းတကယ်ကြီး အနုပညာတက္ကသိုလ် မသွားဖူးတာသေချာရဲ့လား?"

ချိုးကျင်းက သေချာပေါက် တက်ဖူးတာပေါ့! ဒါပေမယ့် သူ့ရဲ့အရင်ဘဝတုန်းက တက်ဖူးတာဖြစ်သည်။ ဒီကမ္ဘာက ချိုးကျင်းမှာတော့ ဓာတ်ပုံလေးတစ်ခုကြောင့် အနုပညာလောကထဲ ဝင်လာခဲ့တာဖြစ်ပြီး အနုပညာအကြောင်းနဲ့ ပတ်သက်ပြီး သေချာသင်ကြားခဲ့တာမျိုးလည်း မရှိသေးပေ။

အဲ့ဒါကြောင့် သူက မရေမရာစွာနဲ့ပဲ ပြန်ဖြေလိုက်‌တော့သည်။

"ကိုယ့်ဘာသာကို သင်ယူထားတာပါ!"

ဇာတ်ညွှန်းဖတ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ တစ်ဖွဲ့လုံးအတွက် ပြောစရာစကားတွေ များနေတော့သည်။

ဇာတ်ညွှန်းဖတ်ပွဲမှာ အကြိုရိုက်ကူးရေးလည်းဖြစ်ကာ ဇာတ်ကောင်တွေအနေနဲ့ ဇာတ်ညွှန်းနဲ့ ဘယ်လောက်ထိ ရင်းနှီးနေပြီလဲဆိုတာကို စမ်းသပ်တာလည်း ပါဝင်လေသည်။

ချိုးကျင်းက အခုတလော တော်တော်လေးကို နာမည်ကြီးလာတာပင်။ ခုနလေးတင်ပြောသွားခဲ့တဲ့ သူ့ရဲ့သုံးသပ်ချက်တွေမှာ အမြင်ရှိလှသည်ဟု ပြောရမည်ပင်။ လူတစ်ချို့ကတော့ သူ့ရဲ့ပြောင်းလဲပြီး တိုးတက်လာမှုကို စောင့်ကြည့်ချင်နေကြပေမယ့် တစ်ချို့တွေကတော့ ရုပ်သာရှိသည့်သူဟုသာ မြင်နေကြသေးသည်။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now