Chapter - 75

4K 632 51
                                    

|| Unicode ||

အား!!!! ‌ဒါကြီးက အရမ်းကို ခွေးသွေးဆန်လိုက်တာ!

ဥက္ကဌရဲ့ညီက ဥက္ကဌကြီးရဲ့ နောက်မီးလင်းနေတဲ့ကိစ္စကို လက်ဆုပ်လက်ကိုင် ပြလို့ရအောင် လာဖမ်းတာလား?

လဲကျသွားသော အတွင်းရေးမှူးတွေအားလုံးမှာ အမြန်ထရပ်ကာ တံခါး‌ဘေးနား အကွယ်တွင်တန်းစီနေကြကာ အထဲမှအခြေအနေတွေကို အကဲခတ် နားထောင်‌နေကြတော့သည်။

ကျိချီရှန်းကတော့ တံခါးနားမှာရပ်နေရင်း သူကိုယ်တိုင်လည်း ဒီလိုမျိုး မျက်နှာပူစရာကောင်းတဲ့ ကိစ္စမျိုးနဲ့ ကြုံရမယ်လို့ မထင်ခဲ့ပေ။ သူက သူ့အစ်ကိုကို မြူဆွယ်နေတဲ့သူက ဘယ်သူလဲဆိုတာ သိချင်ရုံသာဖြစ်သည်။ ဒါပေမယ့် သူတို့နှစ်ယောက်က အလုပ်မှာတောင် အခုလိုအရှက်ရစရာကောင်းတဲ့ အလုပ်တွေလုပ်နေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ? အား!!!! သူ့အစ်ကိုတစ်ယောက် ရူးများရူးသွားပြီလား?

ရှက်ရွံ့နေရင်းနဲ့ပဲ ကျိချီရှန်းမှာ ချိုးကျင်းအတွက် စိတ်မကောင်းဖြစ်နေတော့သည်။ တစ်ဖက်လူက လှည့်စားခံနေရသလို ဖြစ်နေ‌တာကြောင့် သူ့မှာမခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်လာလေသည်။

"ကော...... ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်ရဲရတာလဲ? ချိုးကျင်းကို ဂရုမစိုက်ဘူးလား?"

ကျိရှန်းရှောင်က အံကြိတ်လိုက်ပြီး.......

"တံခါးကိုပိတ်ပြီး အထဲဝင်လာခဲ့!"

ကျိရှန်းရှောင်ရဲ့ အသံမှာ ရေခဲတမျှ အေးစက်နေတာကြောင့် နားထောင်နေကြသော အတွင်းရေးမှူးတွေမှာလည်း ကြက်သီးတွေထကြကာ ကျိချီရှန်းမှာလည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ဒါပေမယ့်လည်း ကျိချီရှန်းမှာ သူ့ကိုယ်သူ ကောင်းမွန်တဲ့ကိစ္စကို လုပ်မည့်လူဟု သတ်မှတ်ထားတာကြောင့် ကြောက်စိတ်ကိုပြန်ထိန်းကာ တစ်ဖက်လူပြောတဲ့အတိုင်း အခန်းထဲကို ဝင်လာခဲ့သည်။ ပြီးတော့ သူက အဲ့ဒီ့မြူဆွယ်တဲ့ကောင်ရဲ့ မလုံမလဲဖြစ်နေမယ့် မျက်နှာကိုလည်း ကြည့်ချင်သေးတယ်!

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့မှာ တစ်ဖက်လူရဲ့မျက်နှာကို သေချာမမြင်ရခဲ့ပေ။ ဘာကြောင့်ဆို သူ့အစ်ကိုက တစ်ဖက်လူအား လုံးဝကိုလုံခြုံအောင် ဖုံးကွယ်ထားပြီး အလုပ်စားပွဲပေါ်မှာ အောက်ကိုပြန်ဆင်းသည်အထိ အရေပြားလေး တစွန်းတစတောင် မမြင်ရခဲ့ပေ။

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now