Chapter - 22

4.9K 801 75
                                    

|| Unicode ||

ချိုးကျင်းတစ်ယောက် စားပွဲပေါ်မှာ ဟင်းချက်ပစ္စည်းတွေကို တွေ့တော့မှပဲ အသိပြန်ဝင်လာတော့သည်။

"အဲ့တော့ ပြောချင်တာက... ကျွန်တော့်ကို ဒီကိုလိုက်လာခိုင်းတာက ဟင်းချက်ခိုင်းစေချင်လို့ပေါ့!"

"တခြားရော.... ဘာရှိဦးမှာလဲ?"

ကျိရှန်းရှောင်က စိတ်မကျေမနပ်ဖြစ်သော ပုံစံဖြင့် နှာခေါင်းရှုံ့ပြီး သူ့ရဲ့နက်ခ်တိုင်ကို ပြေလျော့လိုက်တော့သည်။

ကျိရှန်းရှောင်က ပုံမှန်ဆို ဖိအားပေးတတ်တဲ့လူမျိုး မဟုတ်ပေမယ့် ဘယ်သူက ချိုးကျင်းကို သူ့စကားသူ မတည်တဲ့လူ ဖြစ်မယ်လို့ ထင်မှာလဲ? ချိုးကျင်းက ကျိရှန်းရှောင်ရဲ့ ထမင်းသုံးနပ်ကို ဂရုစိုက်ပေးမယ်လို့ သတိပေးခဲ့တယ်လေ! ဒါပေမယ့် သူက ယာယီအမှတ်အသား ရပြီးတာနဲ့ ထွက်ပြေးသွားတော့တာပဲ!

တစ်နေ့ ထမင်းသုံးနပ် မပြောနှင့်.... ချိုးကျင်းမှာ ကျိရှန်းရှောင်အတွက် သုံးရက်အတွင်း ထမင်းတစ်နပ်တောင် လာမချက်ပေးခဲ့ပေ။

ကျိရှန်းရှောင်ဘက်က အမြင်အရတော့ သူကသာ တစ်ဖက်လူကို သူ့အိမ်မှာ ထမင်းလာချက်ပေးဖို့ ယဉ်ယဉ်ကျေး‌ကျေး တောင်းဆိုခဲ့ရုံပင်။ မသိရင် သူက တစ်ဖက်လူကို ဖမ်းချုပ်ပြီးတော့ နေ့တိုင်းအတွက် ထမင်းချက်ခိုင်းဖို့ လုပ်နေတာလည်း မဟုတ်ပေ။

နောက်ဆုံးတော့ ချိုးကျင်းတစ်ယောက် မှတ်မိသွားခဲ့လေပြီ။ အဲ့ဒီ့အချိန်တုန်းက သူက ပေါ့ပေါ့ပါးပါး ပြောလိုက်တာ ဖြစ်ပေမယ့် နောက်ကျတော့ သူက လူရွေးပွဲဖြေဖို့ လုပ်ခဲ့တာကြောင့် သူမေ့သွားခဲ့တာဖြစ်သည်။

သူကိုယ်တိုင်ကလည်း အနည်းငယ် ရှက်ရွံ့လာတာကြောင့် အမြန်လေး ‌ပြန်မေးလိုက်တော့သည်။

"အဲ့ဒါဆို ခင်ဗျားမှာ မတည့်တဲ့ဟင်းတို့၊ အကြိုက်ဆုံးဟင်းတို့ ဆိုပြီး‌တော့ ရှိလား?!"

ကျိရှန်းရှောင်မှာ အစာရွေးတဲ့လူ မဟုတ်တာကြောင့် ပြန်ပြောလိုက်တော့သည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်!"

"နားလည်ပြီ!"

ပေါက်ကွဲထွက်နေသော အယ်လ်ဖာဖယ်ရိုမုန်းများ.... [မြန်မာဘာသာပြန်]Where stories live. Discover now